ပုသိမ်ကြီးက မြို့နယ် EPC မန်နေဂျာ ဗိုလ်ကြီးဟောင်းတဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး

0 1
0 1

မန္တလေး၊ ဧပြီ ၁၉၊ ၂၀၂၂။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က EPC မန်နေဂျာဖြစ်တဲ့ စစ်ဗိုလ်ဟောင်းတဦးကို ဒီနေ့ ညနေ ၆နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်‌ကောင်စီ ဗိုလ်ကြီးဟောင်း လက်ရှိ EPC မန်နေဂျာ ကျော်ရဲအောင်ကို ‌မီတာခခြိမ်းခြောက်ကောက်ခံတာတွေကြောင့် ‌ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

” ဒီနေ့ညနေ ၅ ၄၅ မိနစ် မှာ ၁၉လမ်းမကြီးပေါ် နန်းဦးလွင်ရွာနားမှာ သေနတ်နဲ့ပစ်ခဲ့တာ ၇ ချက် ပစ်လိုက်တာ လုံးဝအသေပဲ၊ သူက စကစဗိုလ်ကြီးလည်း ဖြစ်တယ် ပြီးတော့ ပြည်သူကို မတအားခြိမ်းခြောက်ပြီး မီတာခအတင်းတောင်းတယ်” လို့ ပြောပါတယ်။

ပုသိမ်ကြီးမြို့နဲ့ မန္တလေးလမ်းမကြီးပေါ်မှာ သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ EPC မန်နေဂျာ ကျော်ရဲအောင်ဆိုသူဟာ မိုးကုတ်မြို့မှာလည်း EPC မန်နေဂျာ လုပ်ခဲ့သူဖြစ်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံရလို့ ပုသိမ်ကြီးမြို့ကို ပြောင်းလာတာ လပိုင်းဝန်းကျင်မှာပဲ အခုလို သတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

” ကျွန်တော်တို့အနေနဲ့က သူကကားမောင်းနေရင် ရှင်းပစ်ခဲ့တာဖြစ်လို့ ဘေးကပြည်သူကားတစ်စီး ရပ်ထားတာကို ကျော်ရဲအောင်ကားနဲ့ ပွတ်မိသွားတယ် ပြီးတော့ဆိုင်ကယ်တစ်စီးကိုပါ ပွတ်မိသွားတဲ့အတွက်အနူးညွတ်တောင်းပန်ပါတယ်လို့၊ ပစ်ခွင့်သာတဲ့အချိန်မှာ ပစ်လိုက်ရတာမို့ ခွင့်လွှတ်ပေးစေချင်ပါတယ်၊ နောက်နောင် ပြည်သူအန္တရယ်ကင်းအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပါမယ်လို့ မေတ္တာရပ်ခံပါတယ်” လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မိုးကုတ်မြို့က EPC မန်နေဂျာက CDM လုပ်သွားလို့ အာဏာသိမ်းပြီးမှ စစ်ကောင်စီက ခန့်ထားတဲ့ မန်နေဂျာတဦးဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။