10 July 2026 1:18 PM

ဆီပြတ်လပ်မှာစိုးရိမ်ပြီး ဆီဆိုင်တွေမှာ ဆီအလုအယက်ဝယ်ယူနေရ

0 0
0 0

မြေလတ်အသံ၊ ဧပြီ ၁၉၊ ၂၀၂၂။

မြန်မာနိုင်ငံမှာ ဆီပြတ်လပ်မယ်ဆိုတဲ့ သတင်းတွေထွက်အပြီးမှာဒီနေ့မနက်ပိုင်းက စလို့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါအဝင် ပြည်မြို့မှာလည်း တန်းစီစောင့်ပြီး ဝယ်နေကြပါတယ်။

ဆီဆိုင်အချို့ ပိတ်ထားသလို ဆိုင်အချို့က အချိန်အကန့်အသတ်နဲ့ ရောင်းချတာတွေအပြင် ကားတစီးကို ဘယ်လောက် ဆိုင်ကယ်တစီးကို ဘယ်လောက်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ရောင်းချနေတာတွေလည်း ပြည်မြို့မှာ ဒီနေ့မနက်ပိုင်း ကြုံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” အသဲအသန်ဖြစ်နေတာ၊ ဘယ်မှာမှ မရဘူး၊ ကားတွေတောင် ၅သောင်းဖိုး အမြင့်ဆုံး၊ ဆိုင်ကယ်ကတော့ အပြည့်ဖြည့်လို့ရတယ်၊ ပုံးတွေနဲ့ ဝယ်မရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဆီဆိုင်ကြီးတွေမှာ တိုးပြီး တန်းစီဝယ်နေကြသလို ရပ်ကွက်လမ်းကြားက ဆီဆိုင်ငယ်တွေမှာလည်း တန်းစီဝယ်နေတာတွေ တွေ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဆီစျေးတွေတက်နေပြီး တကယ်သာ ဆီပြတ်လပ်သွားမယ်ဆိုရင် လူတန်းစားအလွှာအမျိုးမျိုး အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ပြည် ဒေသခံတဦးက ပြောပါတယ်။

” ပိတ်သွားရင် ရှိသလောက်တော့ ဆက်စီးလို့ရမှာပေါ့၊ သုံးဘီး Taxi တွေ ခွေးဖြစ်ပီ၊ လက်လုပ် လက်စားတွေဘာနဲ့ စျေးပစ္စည်း တွေ သယ်မလဲ၊ ပြည်မှာ မြင်းလှည်းတောင် မရှိဘူး၊ တစ်နေ့လုပ်မှ တစ်နေ့စားတွေ အရင် လစ်မှာသွားလာတာ တိုင်ပတ်မှာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆီပြတ်လပ်မှု မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံစက်သုံးဆီ ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူက သတင်းဌာနအချို့မှာဖြေဆိုထားပေမယ့် ဒီနေ့မနက်ပိုင်းမှာ ဆီဆိုင်အချို့က အကန့်အသတ်နဲ့ ရောင်းချနေတာတွေ ကြုံနေရပြီး ဆီဆိုင်အချို့ကတော့ အကန်အသတ်မရှိ ပြန်လည်ရောင်းချပေးမယ်လို့ ထုတ်ပြန်လာ‌တာတွေလည်း တွေ့လာရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။