ခင်ဦးမြို့နယ်အတွင်း တပ်စွဲဖို့လာတဲ့ စစ်အုပ်စု နဲ့ PDF တိုက်ပွဲဖြစ်ပြီး ပြည်သူနှစ်ဦး သေဆုံး

0 0
0 0

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉၊၂၀၂၂။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေကို တပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ PDF တွေပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံး ၆ဦး သေဆုံးနိုင်ပြီး ဒေသခံ ပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ် မဒေါင်းကြီးရွာကနေအိမ်အချို့ကို ဖျက်ဆီးပြီး တပ်ဆွဲဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီအင်အား ၁၀၀ နီးပါးကို ဖေဖော်ဝါရီ ၈ရက် မနေ့က နေ့လည် ၁၂နာရီလောက်မှာ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းစစ်သည် Local PDF Khin U တာဝန်ခံက ပြောပါတယ်။

” ကျနော်တို့ မဟာမိတ်ညီနောင် အင်အား ၄၀၀ ဝန်းကျင်နဲ့ တပ်စွဲဖို့ပြင်နေတာ၊ တပ်စွဲမှာဗျ ကျနော်တို့ မဝင်ခဲ့ရင် ၊ မိုင်းအရင်ဆွဲတယ်ဗျ၊ ပြီးတော့ ရှော့ဂန်းတွေနဲ့ ပစ်တယ်ဗျ” လို့ ခင်ဦး PDF တာဝန်ခံက ပြောပါတယ်။

ဆွဲမိုင်းအများကြီးပြင်ဆင်ထားပေမယ့် အခါအခွင့်မသင့်လို့ ၆လုံးပဲ ဆွဲနိုင်ခဲ့ပြီး မိုင်းဆွဲခဲ့သူတွေ ပြောကြားချက်အရ စစ်ကောင်တပ်သား ၆ယောက်ဝန်းကျင်ကျဆုံးနိုင်တယ်လို့ ပြောပါတယ်။

” သူတို့ မြင်လိုက်ရတယ်လို့ ပြောတယ်ဗျ ကျနော်တို့ Local အဖွဲ့လေးတွေက နောက်ဘက်နည်းနည်းရောက်တော့ မမြင်လိုက်ရဘူး၊ စစ်ကောင်စီအဖွဲ့တွေက သူတို့လူ သူတို့တခါတည်း ရအောင်သယ်သွားတယ်၊ မဒေါင်းလှကျေးရွာကို တောက်လျှောက်ပြန်ခေါက်သွားတယ်” လို့ ခင်ဦး PDF တာဝန်ခံကပဲ ပြောပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်တိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ ခင်ဦးမြို့နယ် မဒေါင်းကြီးကျေးရွာမှာ တပ်မဆွဲနိုင်တော့ပဲ နောက်ရွာတခုကို တပ်ဆုတ်သွားခဲ့ပေမယ့် အဲ့ဒီနေ့က တိုက်ပွဲကြောင့် မဒေါင်းကြီးကျေးရွာက အသက် ၁၅နှစ်အရွယ် လူငယ်တဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသားတဦး ‌သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။