⁨ဝက်လက်မှာ အချိန်အခါမဟုတ်မိုးရွာလို့ ဆောင်းသီးနှံစိုက်ခင်း ဧကသောင်းနဲ့ချီ ပျက်စီး

0 4
0 4

ဝက်လက်၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းနဲ့ တောင်ခြမ်းဒေသတွေမှာ အချိန်အခါမဟုတ်မိုးရွာလို့ ဆောင်းသီးနှံစိုက်ခင်း ဧက ၁ သောင်းကျော် ပျက်စီးသွားတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၁ ရက်နေအထိ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စိုက်ခင်းတွေမှာ ရေဝင်လာပြီး စိုက်ပျိုးပြီးခါစ သီးနှံပင်တွေအားလုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“ဂျုံ၊ ကုလားပဲခင်းနဲ့ နံနံတွေက မိုးရွာလိုက်တော့ အပင်မကြီးသေးတဲ့ဟာတွေဆိုတော့ အကုန်လုံးပူးကပ်ပြီးတော့ မြေနဲ့ကပ်ပြီးအကုန်ပျက်တာ။ ဒီရက်ပိုင်းမှာ စိုက်ပျိုးပြီးခါစတွေ အညှောက်ထွက်စတွေရှိသေးတာ”လို့ ပေါက်ကံရွာ တောင်သူတဦးကပြောပါတယ်။

ကုလားပဲ၊ နှမ်း၊ ဂျုံ၊ နေကြာ၊ မြေပဲနဲ့ နံနံပင် အပါအဝင် ဆောင်းသီးနှံစိုက်ခင်းတွေ ပျက်စီးသွားတာဖြစ်ပြီး၊ စိုက်ခင်းတွေ ပျက်စီးကုန်လို့ တောင်သူတွေမှာ ထပ်မံစိုက်ပျိုးဖို့ မလွယ်ကူတော့တာကြောင့် ဒီနှစ်အတွက် စားဝတ်နေရေး ကြပ်တည်းလာနိုင်တယ်လို့ ဆိုကြပါတယ်။

အဆိုပါ စိုက်ခင်းတွေအတွက် မျိုးစေ့ဖိုး၊ လုပ်အားခ၊ ထွန်ယက်ခ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဖို့တွေအပါအဝင် ၁ ဧက ကုန်ကျစရိတ် ၅ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်ဆို ၄၀၀၀ ကျော်လောက် ပျက်တယ်။ နောက်ထပ်စိုက်ဖို့မလွယ်ဘူး။ ဒီအတိုင်းပစ်ထားရမှာပဲ။ အခုတောင် ငွေတိုးချေးလုပ်ကြရတာ။ မြေပဲချသူကော၊ ဂျုံချ၊ ပဲချသူကော အကုန်လုံးနစ်ပဲ။”လို့ သာစည်ရွာခံတောင်သူတဦးက ပြောပါတာ်။

အချိန်မခါမဟုတ်မိုးရွာတာကြောင့် ဘူးခါးကန်၊ နဘဲပင်လှ၊ မင်းကုန်းလေး၊ အုန်းနဲဘုတ်၊ ပဒက်ကြီး၊ ထန်းကြီး၊ ရွာတော်၊ အုံပုန်းကြီး၊ ရွှေစည်ခုံ၊ သာစည်၊ လှဒွေ၊ သရက်ချိုအပါအဝင် ဝက်လက်နယ်တောင်ခြမ်းတဲ့အနောက်ခြမ်းကျေးရွာပေါင်း ၁၅ ရွာထက်မနည်းက ဆောင်းသီးနှံစိုက်ခင်း ဧက ၁ သောင်းကျော် ပျက်စီးထားတယ်လို့ သိရပါတယ်။




Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။