ပျူစောထီးခေါင်းဆောင်ဆိုသူ လက်ပစ်ဗုံးတွေနဲ့ဖမ်းခံရ

0 2
0 2

ပခုက္ကူ၊ မေ ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့က ပျူစောထီးခေါင်းဆောင်တဦးကို လက်ပစ်ဗုံးတွေနဲ့အတူဖမ်းမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉၊ Myingyan Black Tiger – MBT က မေ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မေ ၉ ရက် ညနေ ၅ နာရီလောက်မှာ ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းနဲ့ ၇ လမ်းကြားမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ) ဒူးရှည်ကို ဖမ်းမိတာလို့ သိရပါတယ်။

“အဓိကတော့ တခြား mission လုပ်ဖို့သွားတာ၊ ကျနော်တို့ ရဲဘော်တွေက အဲ့ဒီရပ်ကွက်က ပျူစောထီး ခေါင်းဆောင်ကိုတွေ့တာ၊ သူကလည်း စစ်ကောင်စီရဲ့အဓိကအရေးပါတဲ့သူမလို့ ကျနော်တို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့တာပါ၊” လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အရှည်ကြီးဟာ စစ်ကောင်စီတပ်တွေနဲ့ပေါင်းပြီး ငွေတောင်းတာ၊ ဒေသခံတွေကိုဖမ်းဆီးရိုက်နှက်တာတွေလုပ်တဲ့အပြင် သူကြောင့်လူသေဆုံးတဲ့ဖြစ်စဥ်တွေလည်းရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄၊ ဧပြီ ၁၀ ရက်က ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းနဲ့ ၇ လမ်းကြားမှာနေထိုင်တဲ့ ပြည်သူ ၁ ဦးကို PDF တွေကိုထောက်ပံ့တယ်ဆိုပြီး ပျူစောထီးခေါင်းဆောင်အရှည်ကြီးက စစ်ကောင်စီကိုသတင်းပေးဖမ်းဆီးခိုင်းခဲ့သေးတယ်လို့ သိရကြောင်း ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

လက်ရှိမှာစစ်ဆေးမေးမြန်းမှုတွေလုပ်နေပြီး သူ့ဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံးနဲ့ ဆိုင်ကယ် ၁ စီး တို့ကို သိမ်းဆည်းရရှိထားတယ်လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်ကလည်း မြင်းခြံခရိုင်၊ဆီမီးခုံမြို့အတွင်း ကင်းပတ်လှည့်လည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MBT အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်တဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။