LPDF အဖွဲ့ (၂) ဖွဲ့နဲ့ မိသားစုဝင်တွေ စစ်တပ်ဘက်ကို ဘက်ပြောင်းသွား

0 33
0 33

စစ်ကိုင်း၊ စက်တင်ဘာ ၂၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဆားတောင်းမြို့ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားတဲ့ LPDF အဖွဲ့ (၂) ဖွဲ့ဟာ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတယ်လို့ အဆိုပါ အဖွဲ့တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

စက်တင်ဘာလ (၂၂) ရက်နေ့မှာ ဂျိမ်းစိုး LPDF အဖွဲ့နဲ့ဆားတောင်းမိုးကြိုး အဖွဲ့ (၂) ဖွဲ့က အဖွဲ့ဝင်တွေဟာ ဆားတောင်းရှိ စစ်တပ်နဲ့ချိတ်ပြီး ဘက်ပြောင်းသွားတာလို့ ဆိုပါတယ်။

“သူတို့က ဆားတောင် တောင်ဘက်ခြမ်းမှာ အခြေစိုက်တဲ့အဖွဲ့တွေ။ ၂ ဦးပေါင်းဆို ၃၀ ကျော်လောက်ရှိနိုင်မယ်။ သူတို့ဘယ်လိုဖြစ်ပြီးပေါင်းသွားတာလဲတော့ မပြောတတ်ဘူး။ အံ့ဩရတယ်။ သူတို့ဆို တော်လှန်ရေးမှာ တော်တော်ပါခဲ့တယ်။ ကျနော်တို့နဲ့ဆို ဆားတောင်ဘက်က စစ်ရေးလှုပ်ရှားမှုတွေမှာ တူတူတွဲလုပ်ခဲ့ဖူးကြတယ်” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

LPDF အဖွဲ့တွေ စစ်တပ်ဘက် ဘက်ပြောင်းသွားကြတာက ရိက္ခာလက်နက်လိုအပ်မှု၊ သက်ဆိုင်ရာနယ်​မြေတာဝန်ခံ အဆင့်ဆင့်ရဲ့ စည်းရုံးသိမ်းသွင်းနိုင်မှု အားနည်းချက်တွေအပြင် အခြားအကြောင်းအရာများစွာလည်းရှိနိုင်တယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာတော့ စစ်ကိုင်းမြို့နယ်အတွင်းမှာ LPDF အဖွဲ့တွေက မရှိသလောက်ရှားပါးလာပြီး အများစုက NUG လက်အောက်တပ်ရင်းတွေနဲ့ ပကဖ လက်အောက်ခံတွေအဖြစ်ပြောင်းလဲလိုက်ကုန်ကြတယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းသွားသူတွေကတော့ ဂျိမ်းစိုး LPDF အဖွဲ့ တဖွဲ့လုံးနဲ့ ဆားတောင်မိုးကြိုးအဖွဲ့က (၉) ဦးခန့်ရှိတယ်လို့လည်း သိရပါတယ်။

စစ်တပ်ထောက်ခံတယ်လီဂရမ်တွေမှာတော့ LPDF အဖွဲ့ နှစ်ခုက တပ်ဖွဲ့ဝင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃ ဦး၊ မိသားစုဝင် ၆ ဦး စုစုပေါင်း ၃၈ ဦး ဟာ လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်းတွေနဲအတူ အလင်းဝင်လာတယ်လို့ ဖော်ပြထားပါတယ်။

စာတည်း – စိုးဦး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။