နွားထိုးကြီးမှာ လေကြောင်းကနေဆက်တိုက်ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံး

0 1
0 1

နွားထိုးကြီး၊ စက်တင်ဘာ ၂၃၊ ၂၀၂၆။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မန်လည်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး သက်ကြီး အမျိုးသမီး (၂) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရတယ်လို့ ရွာခံတွေထံက သိရပါတယ်။

ယမန်နေ့ညစက်တင်ဘာလ (၂၂) ရက်နေ့ညနေ (၅) နာရီကျော်ခန့်က တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီး၊ MI 35 တစီး၊ စက်တပ်လေထီး ၃ စီးတို့က ကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဆို​ပါတယ်။

“ဖိုက်တာက နှစ်လုံးလာချသွားတယ်။ ပြီးတော့ ရောကတ်နဲ့ဆွဲတယ်။ mi 35 ထပ်လာတယ်။ အပေါ်ကနေ ပွိုက့်ဖိုက်နဲ့ပစ်တယ်။ ဗုံးနှစ်လုံးလည်းချသေးတယ်။ ပါရာမော်တာကလည်း ၃ စီးတက်လာပြီး တစီး နှစ်လုံးချသွားတာ။ ရွာရဲ့ အနောက်ဘက်ပိုင်း နေအိမ်တွေနားကျတယ်။ သေတဲ့သူတွေကလည်း အိမ်တွေနားမှာနေတဲ့အချိန်ထိကြတာ”လို့ ရွာခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲစတွေ ထိမှန်တာကြောင့် အသက် (၆၅) နှစ်အရွယ်နဲ့ အသက် (၇၀) ကျော်အရွယ် အမျိုးသမီး (၂) ဦးနေရာမှာပင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် (၄၀) ကနေ (၆၀) ကြား အမျိုးသား (၂) ဦးနဲ့အမျိုးသမီး (၁) ဦးတို့ဒဏ်ရာရပြီး နေအိမ် (၆) လုံးလည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ မန်လည်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိသလို PDF တပ်ဖွဲ့ဝင်တွေနေထိုင်တာမျိုးလည်းမရှိပဲ အကြောင်းမဲ့သက်သက်လာရောက် ဗုံးကြဲပစ်ခတ်တာဖြစ်ပြီး လေကြောင်းတိုက်ခံရလို့ညကျေးရွာနေပြည်သူတွေဟာ ရွာလုံးကျွတ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာမှာ လက်နက်ကြီးကျပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း-စိုးဦး

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။