ဗုံးခိုကျင်းပါဝင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေမဖော်ပြဖို့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ မစိုးမြတ်သင်း လူမှုကွန်ယက်စာမျက်နှာမှ သတိပေး (ရုပ်/သံ)

0 9
0 9

မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၄ ။

စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကနေကာကွယ်ဖို့ တူးဖော်ထားတဲ့ဗုံးခိုကျင်းတွေကို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ယက်မှာဖော်ပြနေတာတွေဟာ မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်ကြောင်း အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ မစိုးမြတ်သင်းက သတိပေးပြောဆိုပါတယ်။

စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို နေ့စဉ်နီးပါး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေ အသီးသီးတူးဖော်ထားကြရတာပါ။

မြန်မာပြည်တွင်းက ဆိုရှယ်မီဒီယာအသုံးပြုနေသူတချို့အနေနဲ့ ဗုံးခိုကျင်းတွေနောက်ခံထား Tik Tok ရိုက်ကူးတာ၊ ဗုံးခိုကျင်းတွေနဲ့ယှဥ်တွဲကာ ဗီဒီယိုရိုက်တင်တာတွေကြောင့် တူးဖော်ထားတဲ့ဗုံးခိုကျင်းပုံစံတွေကို စစ်ကောင်စီဘက်ကသိရှိပြီး လိုအပ်သလိုလုပ်ဆောင်လာနိုင်တယ်လို့ ၎င်းရဲ့ လူမှုကွန်ယက်ကတဆင့် သတိပေးပြောခဲ့တာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။