သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးကြီး ၁ ဦး ဖမ်းမိပြီး ထွက်ပြေးလို့ ပစ်သတ်

0 93
0 93

စစ်ကိုင်း၊ အောက်တိုဘာ ၂၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ နုံးတွင်းကျေးရွာအနီး အခြေစိုက်တဲ့ အမှတ် ၇၂ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးကြီး ၁ ဦးကို ဖမ်းခဲ့ပြီး ထွက်ပြေးလို့ ပစ်သတ်လိုက်ရတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူက အဆိုပါ သံချပ်ကာတပ်မှ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကိုင်း ကံတလူတိုးဂိတ်အနီးမှာ အရပ်ဝတ်နဲ့ တဦးတည်း ကားနဲ့လာချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“သူတို့ လက်အောက်ခံတပ်ရင်းဖြစ်တဲ့ အုန်းတော ၆၀၀၅ တပ်က တပ်ရင်းမှူးနဲ့လက်အောက်ငယ်သားတွေ ဂိတ်ဖွင့်ပြီးဆက်ကြေးကောက် အကျင့်ပျက်ခြစားလုပ်နေတယ်ဆိုတဲ့ တိုင်ကြားချက်ရလို့ ကိုယ်တိုင် သွားရောက်စစ်ဆေးပြီး အပြန်မှာ သတင်းအရ စောင့်ဖမ်းတာ”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိပြီးနောက် အဖွဲ့စခန်းကို ခေါ်ယူထိန်းသိမ်းစစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ အထက်ဌာနကို ပို့ဆောင်ဖို့ လုပ်ဆောင်နေစဉ် တာဝန်ကျ ရဲဘော်တွေထံက သေနတ်ကိုလုပြီး ထွက်ပြေးဖို့ လုပ်တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဆိုပါတယ်။

သူကိုဖမ်းမိချိန်မှာတော့ သူမောင်းလာတဲ့ကားကို လမ်းပေါ်မှာထားခဲ့ရပြီး သူကိုင်ဆောင်တဲ့ဖုန်းတလုံးပါလာခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။