အရက်သောက်ပြီး လမ်းဖြတ်ကူးသူ လူနာတင်ယာဉ် တိုက်ခံရပြီး သေဆုံး

0 84
0 84

ပဲခူး၊ အောက်တိုဘာ ၂၂၊ ၂၀၂၆။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဝမ်းဘဲအင်းကျေးရွာ တံတားအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အရက်သောက်ပြီး လမ်းဖြတ်ကူးသူတဦး လူနာတင်ယာဥ်က တိုက်မိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီခန့်မှာ ဒိုက်ဦးဘက်ကနေ ဘုရားကြီးမြို့ဘက်ကို လူနာတင်ပြီး မောင်းနှင်လာတဲ့ လူနာတင်ယာဉ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၅၀/၁ နဲ့ ၅၀/၂ အရောက်မှာ ရုတ်တရက်လမ်းဖြတ်ကူးလာသူ အမျိုးသားကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။

လူနာတင်ယာဉ်ကတော့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာလူမှုကူညီရေးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဦးချစ်ဦးမောင် မောင်းနှင်လာတာဖြစ်ပြီး ကူညီဖို့ သူနဲ့အတူ အသင်းသားအချို့လည်း ပါလာတယ်လို့ သိရပါတယ်။

“ဖြစ်တဲ့အချိန် မှောင်မဲနေတာ။ သူက ပုဆိုးကြီးခြုံပြီး လမ်းပေါ်တက်ပြေးလာတာ။ ကားကရှောင်တော့ ရှောင်သေးတယ်။ တဖက်မှာလည်း တွဲကားကြီး။ ရုတ်တရက်ကြီး ပုဆိုးကြီးခြုံပြီး ကားဘက်ကိုပြေးလာတော့ ကားအရှေ့ဘယ်ခြမ်းနဲ့ တိုက်မိတာ။ အရက်နံ့လည်းရနေသေးတယ်”လို့ ဖြစ်စဥ်ကိုသိသူတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် လမ်းပေါ်တက်လာသူ ဝမ်းဘဲအင်းရွာနေ အသက် ၄၈ နှစ်အရွယ် ဦးသောင်းတင်မှာ မျက်နှာ၊ နား၊ ဝမ်းဗိုက်၊ နှာခေါင်းတို့မှာ ထိခိုက်ဒဏ်ရာတွေနဲ့နေရာမှာပင် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူမှုကူညီရေးအသင်းယာဉ်ပေါ်လိုက်ပါလာသူ ယာဥ်မောင်းအပါအဝင် ၃ ဦးမှာ ရင်ဘတ်အောင့် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်စီသာ ရခဲ့ကြတယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ ဦးချစ်ဦးမောင်ကို ဘုရားကြီးနယ်မြေရဲစခန်းကနေ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။