ရေနံချောင်း မြို့မရဲစခန်းနဲ့ စစ်ကောင်စီဂိတ်တခု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

0 1
0 1

မကွေး၊ ဇွန် ၁၆၊ ၂၀၂၃။

မကွေးတိုင်း၊ ရေနံချောင်းမြို၊ မြို့မရဲစခန်းနဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုကို ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာတင် တိုက်ခိုက်ခံခဲ့တာကြောင့် စစ်သား ၁ ဦးနဲ့ ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ Yenangyaung Local People’s Defence Force (Phay Kan Kaung) အဖွဲ့ဆီက သိရပါတယ်။

ရေနံချောင်းမြို့၊ ယာပြင်ရပ်ကွက် ကားလမ်းဘေးက စစ်သား ၇ ဦးဝန်းကျင်ရှိတဲ့ ယာပြင် စစ်ဆေးရေးဂိတ်နဲ့ အင်အား ၂၀ နီးပါးရှိ မြို့မရဲစခန်းကို ကလလ(လျက်ဆားပုလင်း) အမျိုးအစား လက်ပစ်ဗုံးတလုံးစီနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့က ဂိတ်အနီးကိုသွားပြီး ဗုံးသီးပစ်လိုက်တဲ့အချိန် ပေါက်ကွဲပြီးတော့ ဗန်ကာရှေ့မှာ တကောင်လဲ ကျသေသွားတာကို မျက်မြင်တွေ့ခဲ့တယ်။ ရဲစခန်းကိုပစ်တဲ့အခါမှာလည်း ခြံစည်းရိုးနားကိုကပ်ပြီး ပစ်ထည့်ခဲ့တာ။ ဗုံးပစ်တဲ့အချိန်မှာ ရဲတွေကကော်ဖီစုသောက်နေကြတာ။ ရဲနှစ်ကောင်သေတယ်လို့ အတွင်းဖရဲသီးကပြောလို့ အတည်ပြုနိုင်ခဲ့တယ်” လို့ Yenangyaung Local People’s defence force (Phay Kan Kaung) မှ ပြန်ကြားရေးတာဝန်ခံ ဖက်တီးက ပြောပါတယ်။

ယာပြင်စစ်ဆေးရေးဂိတ်က စစ်သားတွေကို မနက် ၅ နာရီလောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကိုတော့ မနက် ၆ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တိုက်ခိုက်ပြီးနောက် ယာပြင်စစ်ဆေးရေးဂိတ်ကို စစ်ကား ၂ စီးနဲ့ရောက်လာပြီး လမ်းသွားပြည်သူတွေရဲ့ဖုန်းတွေကို စစ်ဆေးတာ၊ ဆိုင်ကယ်တစီးပေါ် ၃ ဦးစီးရင် ဆိုင်ကယ်ကိုပါ သိမ်းဆည်းတာတွေ လုပ်ခဲ့တယ်လို့ ကိုဖက်တီးက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yenangyaung Local People’s defence force(Phay Kan Kaung) နဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ C.G.F၊ ချောက် ပကဖ၊ Mgway Guerrila warfare ၃ ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းမှာလည်း လမ်းသွားလမ်းလာပြည်သူတွေဆီကနေ ငွေကြေးတွေတောင်းပြီး စစ်ဆေးမှုတွေပြုလုပ်နေတဲ့ ယာပြင်စစ်ဆေးရေးဂိတ်နဲ့ မြို့မရဲစခန်းကို Yenang yaung Local People’s defence force(Phay Kan Kaung) အဖွဲ့အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။