မင်းဘူးမြို့နယ်ထဲမှာ လေပြင်းထိလို့ နေအိမ် ၁၂၂ လုံးပျက်စီး

0 1
0 1

မင်းဘူး၊ မေ ၃၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ပေါ်ရပ်ကွက်တွေအပါအဝင် ကျေးရွာတွေမှာပါ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၁၂၂ လုံး ပျက်စီးခဲ့သလို အဆိုပါပျက်စီးမှုတွေအတွက် လက်ရှိအချိန်ထိ ကူညီထောက်ပံ့ပေးမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။

မေလ ၁ ရက် ညနေ ၄ နာရီခန့်လောက်ကနေ စတင်ပြီး လေပြင်းတိုက်ခတ်လို့ မင်းဘူးမြို့ပေါ်က ရပ်ကွက် ၃ ခု၊ ကျေးရွာ ၁၃ ရွာက နေအိမ်တွေအပါအဝင် ဘုရားစေတီနဲ့ စာသင်ကျောင်းတွေပါ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဖြစ်ချိန်ခါက လေတွေပဲ အရင်တိုက်လာတာ။ ပြီးမှ မိုးပါ ပါလာတာ။ မြို့ပေါ်ရပ်ကွက်တွေမှာလည်း တော်တော်လေး ပျက်စီးတာတွေရှိတယ်။ ကျနော်တို့ ရုံးလည်း လေပြင်းတိုက်တဲ့အထဲ ပါသွားလို့ ပြိုကျသွားတယ်။ ရွာတွေဘက်မှာလည်း တော်တော်လေး ပျက်စီးသွားတယ်လို့လည်း သိရတယ်” လို့ ပြောပါတယ်။

လေပြင်းထိလို့ မင်းဘူးမြို့ ၁၊ ၃၊ ၄ ရပ်ကွက်တွေက အိမ်ခြေ ၂၀ လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ ချောင်းဖြူ၊ ကျောက်တန်း၊ ဇရပ်ကြီး၊ ထုံးမကြီး၊ ရွှေရောင်တော်၊ ပေါက်ပင်ကွင်း၊ မန်းကောက်၊ သီးကုန်း၊ ဖလံရုံ၊ ပုဂံစစ်၊ ကျွန်းပြား၊ စကု ၂၊ ဓါတ်ကုန်းကျေးရွာတွေက နေအိမ် ၁၀၂ လုံး၊ ဘုန်းတောင်ကြီးကျောင်း ၄ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုရားစေတီတဆူ ထိခိုက်ပျက်စီးခဲ့တာပါ။

လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်သေဆုံးဒဏ်ရာရတာတွေမရှိဘဲ လေဘေးသင့်ပြည်သူ ၄၇၀ ကျော်ဟာ မိမိတို့ရဲ့နေအိမ်တွေမှာပဲ ပြန်လည်ပြင်ဆင်ပြီး ဆက်လက်နေထိုင်နေရတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက် ညနေပိုင်းကလည်း မင်းဘူးမြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။