⁨⁩ ⁨ကနီမှာ ဆန် ၁ အိတ်နဲ့ ဆီ ၅ ပိဿာအတွက် ဓားပြတိုက်ခံရ

0 1
0 1

ကနီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဟူတောင်ရိုးပေါ်က လူသွားလူလာ ပြတ်လပ်တဲ့နေရာမှာ စစ်တပ်ထုတ် လက်နက်တွေကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ်ဓားပြတွေက ခရီးသွား အမျိုးသား ၂ ယောက်ဆီက ဆန် ၁ အိတ်နဲ့ ဆီ ၅ ပိဿာ ဓားပြတိုက်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီခန့်က မဟူတောင်ရိုးပေါ်၊ မျှိုင်းကျေးရွာ ဇရပ်အနီး အမျိုးသား ၂ ဦး မောင်းလာတဲ့ ဆိုင်ကယ်ကို မျက်နှာဖုံးစွပ် လက်နက်ကိုင် ၅ ယောက်က ဓားပြတိုက်ခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ ခရီးသွား အမျိုးသား ၂ ဦးဟာ မဟူတောင်ရိုးပေါ်လမ်းကိုဖြတ်ပြီး ယာကြီးရွာကိုသွားချိန် လမ်းမှာ စစ်တပ်ထုတ် သေနတ် ၂ လက်ကိုင်ဆောင်ထားသူ မျက်နှာဖုံးစွပ် ဓားပြ ၅ ယောက်က ထိုးကြိတ်နှိပ်စက်ကာ သူတို့ပါလာတဲ့ ဆီ ၅ ပိဿာ နဲ့ ဆန် ၁ အိတ် ဓါးပြတိုက်သွားတယ်လို့ ပြောပါတယ်။

“မျက်နှာဖုံးစွပ်တွေနဲ့လို့ ပြောတာပဲ။ ၅ ယောက် ရှိတယ်။ (*ခ)သေနတ် ၂ လက်ပါတယ်။ ဓားပြတိုက်ရုံတင် မဟုတ်ဘူး။ ပါးတွေ နားတွေရော ရိုက်ခံလိုက်ရတယ်။” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံက ပြောပါတယ်။

ဓားပြအဖွဲ့မှာပါတဲ့ ၂ ဦးက ပစ္စည်းတွေ ရရှိပြီးတဲ့နောက် သတ်ဖို့ ပြောပေမယ့် ကျန် ၃ ဦးက မသတ်ဖို့ တားတာကြောင့် အသက်မသေဘဲ ပြန်ခွင့်ရခဲ့တာလို့ သူက ဆက်ပြောပါတယ်။

“အရိုက်ခံရတာပဲရှိတာ။ သတ်ပစ်မယ်ပြောတော့ အထဲက သူတို့အချင်းချင်း သတ်မယ် မသတ်မယ် မညီတော့ရင်းနဲ့ မသတ်ခိုင်းတာပေါ့။ ၂ ယောက်က သတ်မယ်ပြောတာ။ ၃ ယောက်က မသတ်နဲ့လို့ ပြောတာ။” လို့ သူက ပြောပါတယ်။

ကနီမြို့နယ်ထဲက မဟူတောင် ရိုးပေါ်လမ်းဟာ ကျေးရွာတွေနဲ့ အလှမ်းဝေးနေတဲ့အပြင် အခုလို လက်နက်ကိုင် ဓားပြတိုက်မှု ဖြစ်ပွါးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာဖို့ ကြောက်ရွံ့စိုးရိမ်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။