မင်းတုန်းမှာ စက်တပ်လေထီးကဗုံးကြဲ လမ်းမှာနားနေသူတွေ ဗုံးထိမှန်လို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

0 2
0 2

မင်းတုန်း၊ အောက်တိုဘာ ၂၃၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ၊ ရွာသစ်ကျေးရွာနဲ့ ငှက်ပျင်းကျေးရွာအကြားမှာ အာဏာသိမ်းစစ်တပ်ရဲ့ စက်တပ်လေထီးက ကြဲချတဲ့ ဗုံးထိမှန်လို့ လမ်းပေါ်နားနေသူတွေထဲက (၁) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရတယ်လို့ သရက်ခရိုင်တပ်ရင်း (၄) တာဝန်ရှိသူတွေထံက သိရပါတယ်။

အောက်တိုဘာလ (၂၂) ရက်နေ့ညနေ (၅) နာရီခန့်မှာ သရက် ကပစ (၁၂) ကနေတက်လာတဲ့ စက်တပ်လေထီး (၃) စီးဟာ ကျေးရွာ နှစ်ရွာကြားလမ်းပေါ်ကို ဗုံးသီး (၉) လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ခရီးသွားတွေဆိုတာထက် သူတို့စားဝတ်နေရေးအတွက် သွားလာနေတာတွေရှိတယ်။ ခုထိတဲ့သူတွေဆို ထိုင်နားနေကြတာပါ။ရာမိုတာတွေလာတာမြင်လဲ သာမန်ပြည်သူဆိုတော့ အခြားနေရာချမယ်ပဲထင်ပြီး ဒီအတိုင်းနေနေကြတာ။ အဲဒီအချိန်မှာ သူတို့နားလာချတာ။ ထိတဲ့သူထိ ဝပ်တဲ့သူဝပ်ကြဖြစ်ကုန်တာ” လို့ သရက်ခရိုင်တပ်ရင်း (၄) ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် ကြိုးဝကျေးရွာနေ အသက် (၂၅) နှစ်အရွယ် မောင်ဖိုးလမင်းသေဆုံးပြီး အသက် (၄၇) နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် (၆၂) နှစ်အရွယ် ဦးကြည်ဝင်းတို့ ဒဏ်ရာရခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဗုံးကျပေါက်ကွဲတဲ့အနီးအနားရှိနေသူတွေ ထွက်ပြေးခဲ့ရပြီး ကျေးရွာ (၂) ရွာက ပြည်သူတွေကတော့ ထွက်ပြေးရတာမရှိဘူးလို့ သိရပါတယ်။

အောက်တိုဘာလ (၈) ရက်နေ့ကလည်း မင်းတုန်းမြို့နယ်က ချင်းနစ်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ပြည်သူ (၂) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။