ရွှေဘိုမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ၂ ဦးသေဆုံးကာ စစ်တပ်ဘက်ကလည်း သေဆုံးမှုရှိ

0 2
0 2

စစ်ကိုင်း၊ ဧပြီ ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ တက္ကသိုလ်ဂိတ်ပေါက်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ သွားရောက်တိုက်ခိုက်ရာက ၂ ဘက်စလုံး သေဆုံးမှုတွေရှိခဲ့တယ်လို့ Burma Rangers – ShweBo အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့အရှေ့ဘက်အထွက် ရွှေဘို – ကျောက်မြောင်းလမ်းပေါ်က တက္ကသိုလ်ကျောင်းရှေ့က စစ်ကောင်စီဂိတ်မှာ မနေ့ညနေ ၃ နာရီလောက်က ထိတွေ့မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ဂိတ်ရှေ့ကကောင် ၆ ယောက်ကျတာပါ။ ပစ်ခတ်မှုဖြစ်တာက စက္ကန့် ၃၀ လောက်ပဲရှိမယ်။ မြင်ရတာက ကျတဲ့အထဲမှာ စစ်ဗိုလ်တယောက်ပါတယ်၊ ရဲတယောက်လည်းပါတယ်၊ ကျန်တာက တပ်သားအဆင့်ဖြစ်ဖို့များတယ်၊ စစ်သားသေတာက ပွဲချင်းပြီးပဲ”လို့ Burma Rangers အဖွဲ့မှ သတင်းတာဝန်ခံ ဗိုလ်အေဓီကပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပက်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့၀င်‌တွေဘက်က အသက်၂၂ နှစ်အရွယ် ရဲဘော်ဝဿန်နဲ့ ရဲဘော်ပေါက်စတို့ ကျဆုံးခဲ့ပြီး သူတို့ကို ဒီနေ့နေ့လယ် ၁၂ နာရီမှာ သင်္ဂြုလ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ကျဆုံးရဲဘော်တွေက ဘယ်အဖွဲ့အစည်းကလည်း ဆိုတာကိုတော့ သတင်းပြန်ကြားရေးတာ၀န်ခံ ဗိုလ်အေဓီက ပြောကြားခဲ့ခြင်း မရှိပါဘူး။

အဲ့ဒီတိုက်ခိုက်မှုမှာ BurmaRangers – ShweBoနဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရွှေတောသား Local ပျောက်ကျားတပ်ဖွဲ့၊ Shwe Bo Dhuwun (PLA)၊ X-Force LPDF Shwe Bo၊ People’s Revolution Front – ပြည်သူ့တော်လှန်ရေးတပ်ဦး အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။