နွားထိုးကြီးက PDF ထုတ်လုပ်ရေးစခန်းတခုကို စစ်တပ်သိမ်းပိုက်

0 1
0 1

◾️ စစ်ရေးပြင်းထန်နေပြီး ဒေသခံပြည်သူထောင်ချီ တိမ်းရှောင်နေရ

နွားထိုးကြီး၊ စက်တင်ဘာ ၁၆၊ ၂၀၂၆။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အနောက်မြောက်ခြမ်းရှိ ပဲခင်းကြီးကျေးရွာက PDF ထုတ်လုပ်ရေးစခန်တခုကို စစ်တပ်သိမ်းပိုက် သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

စက်တင်ဘာလ (၁၅) ရက်နေ့မနက် (၁၀) နာရီကျော်ခန့်မှာ တံတားဦးဘက်ကနေ အင်အား (၅၀၀) ကျော်နဲ့ ထိုးနေတဲ့စစ်ကြောင်းက အင်အား (၂၀၀) ကျော်ဟာ ပဲခင်းကြီးကျေးရွာကို ရောက်လာပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းသိမ်းခံရတာဟုတ်တယ်။ လက်ရှိက စစ်ကြောင်းနဲ့ရှုပ်နေလို့ နောက်မှ အသေးစိတ်ထုတ်ပြန်ပေးမယ်။ တိုက်ပွဲလည်းဖြစ်ထားသေးတယ်။ “လို့ ဖြစ်စဥ်ကို သိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းအထိ ပဲခင်းကြီးကျေးရွာတဝိုက်ရှိနေဆဲဖြစ်ပြီး အနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်းဆက်ထိုးဖို့ပြင်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းဝင်လာပြီး တိုက်ပွဲတွေလည်းဖြစ်နေတာကြောင့် ပဲခင်းကြီး၊ ကဒေါင်၊ ကျွန်းဒေါင့်၊ ကျားတွင်းဘိုရွာအပါအဝင်ကျေးရွာ ၁၀ ရွာကျော်က ပြည်သူထောင်ချီဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

စစ်တပ်ထောက်ခံတယ်လီဂရမ်တွေမှာတော့ ပဲခင်းကြီးကျေးရွာက မိုင်းနဲ့ဒရုန်းဗုံးထုတ်လုပ်ရေး စခန်းကိုသိမ်းဆည်းရမိပြီး စခန်းအတွင်းကနေ မီးစက်ကြီး ၂ လုံး၊ 4-Wheel ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ လက်လုပ် ဒရော့ဗုံးသီး ၈ လုံး၊ ကျောက်စက် ၅ လုံး၊ တဲ ၄ လုံး၊ မိုင်းနှင့် ဒရော့ဗုံး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိူ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားကြပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း တံတားဦး လေတပ်စခန်းက လေယာဥ်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ် အဖွဲ့တွေနဲ့ တံတားဦးမြို့နယ်၊ နွားခြံကြီးကုန်း၊ အလယ်ရွာ၊ ချောင်းဂွ၊ ဘူးရောက်ကျေးရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပွားကာ လေကြောင်းရန် ဗိုလ်မှူးကြီးအပါအဝင် စစ်သား ၅ ဦးကို ရှင်းလင်းနိုင်ခဲ့သလို PDF ပူးပေါင်းတပ်ဘက်ကလည်း ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း-စိုးဦး

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။