ဆားလင်းကြီးနယ်မှာ ပကဖ တဦး နဲ့ ရွာသားတဦးကို စစ်အုပ်စုကသတ်သွား

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကံကုန်းရွာသားတဦးနဲ့ ကျေးရွာ ပကဖတပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်မှာ အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ကံကုန်းကျေးရွာထဲကို စစ်ကြောင်း ၂ ကြောင်းခွဲကာ လက်နက်တွေပစ်ဖောက်ဝင်ရောက်လာပြီး နေအိမ်တွေကို မွှေနောက်သွားတဲ့အပြင် ရွာသား တဦးကိုသတ်ပြီး ပကဖအဖွဲ့ဝင်တဦးကိုတော့ ဖမ်းခေါ်သွားပြီးမှ လမ်းမှာသတ်ခဲ့တာလို့ ရွာသားတဦးက ပြောပါတယ်။

“ရွာထဲကို စစ်ကြောင်း၂ကြောင်းခွဲပြီးဝင်လာတာကို ရွာသားတယောက်ကတော့ မသိပဲရွာထဲဝင်မိတော့ အသတ်ခံရတာ။ ပကဖအဖွဲ့ဝင်ကတော့ ကင်းထောက်ရင်းနဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ။ ဖမ်းခေါ်သွားပြီးလမ်းမှာလည်းနှိပ်စက်သွားတယ်”လို့ဆိုပါတယ်။

အသက် ၄၀ နှစ်အရွယ် ကျေးရွာပကဖ ရဲဘော်ကို ဒုံးတောရွာဘက်ကို ဖမ်းခေါ်သွားပြီးမှ သတ်ခဲ့တာဖြစ်ပြီး၊ သူရဲ့အလောင်းကို ဧပြီလ ၃ ရက်ဒီနေ့မနက်ပိုင်းမှ ဒုံတောရွာမြောက်ပိုင်းရှိ ကိုင်းတောထဲမှာ တွေ့ရှိခဲ့တာပါ။

“ရွာသားတယောက်ကတော့ အသက် ၃၀ လောက်ရှိမယ်၊ ပကဖရဲဘော်ရဲ့ အသက်ကတော့ ၄၀ ကျော်ပေါ့။ သူတို့တွေကို သဂြိုလ်ပေးလိုက်ပါပြီ၊ ပကဖ ဦးလေးကိုတော့ သူတို့နှိပ်စက်လို့ ဝမှသတ်သွားတာ၊ ကံကုန်းရွာထဲကို စခ တွေက မကြာခဏဝင်တာမျိုးတွေရှိတယ်၊ အခုလိုလုပ်တာကတော့ ပထမအကြိမ်ပါ” လို့ ဆိုပါတယ်။

အသတ်ခံရသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကဖြစ်ပြီး လက်ရှိမှာတော့ မုံရွာ – ချင်းတွင်းတံတားအနောက်ဘက်ရှိ ရွှေတောင်ဦးဘုရားဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။