ဘုန်းကြီးကျောင်း ရေသန့်စက်ဖွင့်ပွဲ ဗုံးကြဲခံရလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

0 0
0 0

◼️အမျိုးသား(၂) ဦးလည်းသေဆုံးပြီး (၈) ဦးဒဏ်ရာရ

ရွှေဘို၊ စက်တင်ဘာ ၁၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရေသန့်စက်ဖွင့်ပွဲလုပ်နေချိန် ဗုံးကြဲခံရလို့ သံဃာတပါးအပါအဝင် (၃) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရတယ်လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ယနေ့ စက်တင်ဘာလ (၁၆) ရက်နေ့ နေ့လည် (၁၂) နာရီ (၃၄) မိနစ်မှာ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစီးက ဘုန်းကြီးကျောင်းဝင်းအတွင်းကို ဗုံး (၃) လုံးကြဲချသွားတာလို့ ဆိုပါတယ်။

ကျောင်းထိုင်ဘုန်းကြီးက ဦးစီးပြီးတော့ ကျေးရွာအတွင်းပြည်သူတွေ သောက်ရေအဆင်ပြေနိုင်စေဖို့ ရေသန့်စက် တပ်ဆင်ပေးခဲ့တာ။ စက်တပ်ဆင်ပြီးတော့ ဒီနေ့ ရေသန့်စက်ဖွင့်ပွဲပြုလုပ်ပြီး ကျေးရွာနေပြည်သူတွေကို ရေသန့်ပေးဝေနေချိန်မှာ ဗုံးလာကြဲသွားတာ” လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဗုံးကြဲခံရမှုအတွင်း သက်တော် (၄၃) နှစ်ရှိ ကျောင်းထိုင်ဆရာတော် ဥူးပညာသီရိ၊ အသက် ၆၀ ကျော်အရွယ်တွေဖြစ်တဲ့ ဦးအောင်တင့်၊ ဦးတင်ထွန်းတို့ နေရာမှာပင် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ရေလာခပ်တဲ့ ကျေးရွာနေပြည်သူ ၈ ဦး(ကျား မ အသက်အရွယ် စိစစ်ဆဲ) တို့ ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ ရေသန့်စက်လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ရွာခံတွေထိခိုက်သေဆုံးပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေချိန် ခလရ (၄၂) တပ်ကလည်း ဟောင်ဝင်ဇာလက်နက်ကြီးနဲ့ (၃) ချက်ပစ်ခတ်ခဲ့ပြီး ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။

ဗုံးကြဲခံပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးခန်းကို ပို့ဆောင်ကာ ဆေးကုသနေရပြီး ရွာခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ကလည်း ရွှေဘိူမြို့နယ်၊ တာဂဏန်းကျေးရွာအနီးမှာ စစ်တပ်အဖွဲ့တွေက ခင်ဦးမြို့နယ်၊ လက်ပံကုန်းရွာသားတဦးကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း-စိုးဦး

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။