တိုက်ပွဲဖြစ်ပြီးနောက် ညအိပ်တပ်စွဲခဲ့တဲ့ ဘုန်းကြီးကျောင်းထဲ စစ်သားအလောင်း ၁ လောင်းတွေ့

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရတနာအောင်ကျေးရွာဘုန်းကြီးကျောင်းထဲမှာ စောင်အနီနဲ့ပတ်ပြီး မြေမြှုပ်ထားခဲ့တဲ့ စစ်ကောင်စီတပ်သားအလောင်းတလောင်းကို ဧပြီလ ၃ ရက် ဒီကနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၂ ရက် မနေ့ကမနက် ၇ နာရီဝန်းကျင်က ရတနာအောင်ရွာနဲ့ မယ်ဇလီရွာအကြားမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ ရတနာအောင်ရွာဘုန်းကြီးကျောင်းအတွင်း ညအိပ်တပ်စွဲခဲ့တာလို့ Royal Tiger Support Battalion မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“စကစတွေကအတိုက်ခံရအပြီးမှာ အဲဒီဘုန်းကြီးကျောင်းထဲဝင်ပြီး ညအိပ်တပ်စွဲတာ။ တွေ့တဲ့စကစ အလောင်းက ကျောင်းဘေးမှာစောင်အနီပတ်ပြီး မြုပ်ထားခဲ့တာ။ ရွာတွေထဲမှာလည်း အလောင်းတွေ့ရတယ်လို့ သိရတယ်။ စကစတွေက ဒီမနက်ပိုင်းမှာ ရွာကထွက်ပြီး မြို့ထဲပြန်ဝင်သွားတယ်။ ယူနီဖောင်းတခုမှာတော့ ဘက်တံဆိပ်မှာ ၈၈ တပ်မလို့ရေးထားတယ်” လို့ ပြောပါတယ်။

အဲ့ဒီဘုန်းကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်သားအလောင်းအပြင် မပေါက်ကွဲသေးတဲ့ စစ်ကောင်စီ ကပစထုတ် ၆၀ မမ ဗုံးသီး ၂ လုံး၊ သေဆုံးနေတဲ့နွား ၁ ကောင်၊ ကျည်ဆံတချို့၊ စစ်သုံးခြင်းကြားတခု၊ စစ်ယူနီဖောင်းတစုံနဲ့ အိုးခွက်တွေကိုတွေ့ရှိခဲ့ရပြီး ပရဟိတကားတစီးလည်း မီးရှို့ခံထားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မနေ့မနက်ပိုင်း တိုက်ပွဲမဖြစ်ခင်အချိန်မှာ မယ်ဇလီရွာ၊ ညောင်ပင်သာရွာနဲ့ ရတနာအောင်ရွာက လူနေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေလုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

မကွေးမြို့အခြေစိုက် တပ်မ ၈၈ ဟာ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကသာခရိုင် ဒေသတွေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးများပြားနေတဲ့ တပ်မတခုဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။