ကနီမှာစစ်သင်္ဘော ၁ စီးအပါထောက်ပို့ရေယာဥ် ၁၃ စီး စနိုက်ပါနဲ့ပစ်ခတ်ခံရပြီး ၁၅ ဦးသေဆုံးဟုဆို

0 1
0 1

စစ်ကိုင်း၊ အောက်တိုဘာ ၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာ-အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီဘက်က စစ်သင်္ဘောတစီးအပါအဝင် ထောက်ပို့ရေယာဥ် ၁၃ စီးကို အောက်တိုဘာလ ၃ ရက်မနေ့ကနေ့လည် ၁၁ နာရီလောက်မှာ ကနီမြို့နယ်၊ ကမ်းပြိုရွာအနီးရောက်ချိန် မဟာမိတ်ညီနောင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

သင်္ဘောပေါ်မှာ လေယာဉ်ဆီအပါအ၀င် ဒဏ်ရာရ စစ်သားတွေနဲ့ ကားတွေ၊ ဆန်အိတ်တွေကို သယ်ဆောင်လာတာဖြစ်ပြီး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စနိုက်ပါအပါအ၀င် လက်လုပ်သေနတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးတယ်လို့လည်း ဆိုပါတယ်။

“သူတို့အိုက်ကွန်နဲ့ ကျနော်တို့ အိုက်ကွန်လိုင်းပူးပြီး သူတို့ပြောတာကြားရတာက ၁၅ ကောင်သေတယ်၊ မဟာမိတ် ၇ ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာ၊ ကနီမြို့နယ်အတွင်း ကမ်းပြိုရွာအရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ကလေးဝကနေ ခန္ခီးအထိတက်မှာပါ” လို့ ကျောက်လုံးကြီး KLG တပ်မဟာတာဝန်ခံက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို KLG PDF (ကျောက်လုံးကြီး)၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု၊ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ Chindwin GZ၊ တပ်ရင်း ၂၂၊ နဂါးညီနောင်၊ New Light Generation PDF၊ ယင်းမာပင် PDA PDF၊ ဒေါင်းလုလင်၊ Spring Guerrilla Platoon တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။