ဝန်ကြီးများ လူထုနှင့်ကာယကံမြောက်ထိတွေ့သင့်ပြီး လူထုနှင့်ကင်းကွာသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် မမြင်လိုဟု NUG ယာယီသမ္မတပြော

0 6
0 6

မြေလတ်အသံ၊ အောက်တိုဘာ ၄၊ ၂၀၂၂။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများအနေဖြင့် လူထုနှင့်ကာယကံမြောက်ထိတွေ့သင့်ပြီး လူထုနှင့်ကင်းကွာသည့်နိုင်ငံရေးခေါင်းဆောင်များ အဖြစ်မမြင်တွေ့လိုဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကို ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ကြပြီး ယာယီသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြရာမှာ ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အုတ်မြစ်ဟာ ပြည်သူလူထုသာလျှင် ဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဟာ ဖြစ်နိုင်ရင် လူထုနဲ့ ကာယကံမြောက် ထိတွေ့သင့်ပါတယ်။ သို့သော်လည်း အကြောင်းအရပ်ရပ်ကြောင့် လူကိုယ်တိုင် မထိတွေ့နိုင်ဘူး ဆိုရင်တောင် အောက်ခြေပြည်သူလူထုရဲ့ တကယ့်အဖြစ်သနစ်တွေနဲ့ ဝေးကွာလို့ မရပါဘူး။ လူထုရဲ့ ခံစားချက်ကို နှလုံးသားနဲ့ နက်နက်နဲနဲ ခံစားပြီး၊ လူထုရဲ့ ဒုက္ခကို မိမိဖြစ်သကဲ့သို့ ကိုယ်ချင်းစာရပါမယ်။” ဟု ယာယီသမ္မတဒူဝါလရှီးလ က ပြောကြားသည်။

ထို့အပြင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများတွင် စစ်မြေပြင်မဟုတ်သည့် အရပ်သားပြည်သူများကိုတိုက်ခိုက်တာတွေကြောင့် သေဆုံးမှုများနေသည်ကို ခါးသီးစွာမြင်တွေ့နေရပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြေပြင်ခုခံစစ်ကိုလည်း ကြံ့ကြံ့ခံထားကာ လေကြောင်းထိုးစစ်ကြောင့် အရပ်သားပြည်သူလူထု သေကြေမှုနည်းနိုင်သမျှ နည်းအောင်၊ ခုခံကာကွယ်ကြဖို့ လိုအပ်ကြောင်း ထပ်မံဆိုသည်။

“လူထုနဲ့ကင်းကွာတဲ့ နိုင်ငံရေးခေါင်းဆောင်များအဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အားလုံးကို ကျွန်တော့်အနေနဲ့ မမြင်ချင်ပါဘူး။ လူထုနဲ့ တသားတည်း ရပ်တည်ကြဖို့၊ သက်ဆိုင်ရာ မဟာမိတ်အင်အားစုတွေ အချင်းချင်းကြား၊ စည်းလုံးညီညွတ်ကြဖို့၊ အမြဲဝီရိယထုတ်နေကြဖို့လိုကြောင်း ပြောချင်ပါတယ်။” ဟု ထပ်လောင်းပြောဆိုသည်။

အလားတူ ဝန်ကြီးချုပ်နှင့် အခြား သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။