အပူဒဏ်ကြောင့် တောင်ငူမှာ သက်ကြီးအမျိုးသား ၁ ဦးလမ်းပေါ်လဲကျ အခြေအနေစိုးရိမ်ရ

0 1
0 1

တောင်ငူ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာ ကွန်ပျုတာတက္ကသိုလ်ကျောင်းရှေ့မှာ အပူဒဏ်ကြောင့် သက်ကြီးအမျိုးသား ၁ ဦးလမ်းပေါ်လဲကျပြီး အခြေအနေစိုးရိမ်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က အဆိုပါလမ်းမပေါ်မှာ လမ်းလျှောက်လာတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦး လမ်းလျှောက်လာရင်းကနေ လဲကျသွားခဲ့တာလို့ ဆိုပါတယ်။

“တယောက်တည်း လဲကျနေတာ မိသားစုဝင်တွေလည်း မပါဘူး။ အဲ့နားကလူတွေပြောတာတော့ တယောက်တည်းလဲကျနေတာ။ နေပူထဲမှာ လဲနေတာ။ ကျောကုန်းဆို တော်တော်ပူနေတာ။ အရက်သောက်ထားတာမရှိဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။

လဲကျနေတဲ့ အဖိုးအိုကိုတော့ မြို့ခံလူမှုကူညီရေးအသင်းတွေက သွားရောက်ကူညီကာ တောင်ငူပြည်သူ့ဆေးရုံ ICU ထဲမှာ အရေးပေါ် စိုးရိမ်ရအခြေအနေနဲ့ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

လဲကျနေသူဟာ ဆွေမျိုးသားချင်း မိသားစုဝင်တွေလည်းမပါတာကြောင့် နာမည်နဲ့ နေရပ်လိပ်စာမသိရသေးဘဲ လူမှုကူညီရေးအသင်းကတော့ မိသားစုဝင်တွေသိနိုင်အောင် ဓာတ်ပုံနဲ့တကွ ဖော်ပြရှာဖွေနေကြပါတယ်။

မနေ့က အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦး အပူဒဏ်ကြောင့်လဲကျသေဆုံးမှု ဖြစ်ပွါးခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ လေယာဥ်ကွင်းအနီး IC စားသောက်ဆိုင်အနီးမှာ အပူဒဏ်ကြောင့် အမျိုးသမီး ၁ ဦ းလဲကျသေဆုံးမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။