ရေဦး မှာ စျေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံး

0 22
0 22

ရေဦး၊ စက်တင်ဘာ ၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာက စျေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံးတယ်လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်မှာ စစ်တပ်ဘက်က ကျေးရွာထဲကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲခဲ့သလို MI 35 နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဂျိုင်ရိုကော်ပတာနဲ့ကြဲချတာက ဝပ်ရှော့ပေါ်ကျတယ်။ MI 35 နဲ့က ၁၁ ကြိမ်ပစ်တာ။ စျေးထဲကို ။ စျေးသိမ်းချိန်ဆိုတော့ အဲဒီမှာ လူမထိတာ။ စျေးနဲ့ဝပ်ရှောကြ ကပ်လျက်ရှိတာ။ ဒီအတိုင်းလာပစ်တာ။ ဘာပွဲလမ်းမှလည်းမရှိဘူး”လို့ ရေဦးမြို့နယ် ပကဖ တာဝန်ခံကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၀ ကနေ ၅၀ ကြားရှိ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၆ ဦးနေရာမှာတင်သေဆုံးပြီး နောက်ထပ်အမျိုးသား ၃ ဦးဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကားဝပ်ရှော့နဲ့စျေးဆိုင်ခန်းအချို့လည်းပျက်စီးမှုရှိပြီး ကျေးရွာနေပြည်သူတွေကတော့ ကြောက်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ ညောင်ကြီးအိုင်နဲ့ထန်းတောကုန်းကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ပကဖရဲဘော်တဦးအပါအဝင် ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း-စိုးဦး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။