26 July 2026 6:24 PM

ပဲခူးရိုးပေါ်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကာင်စီတပ်သား ၁ ဦးသေဆုံး

0 2
0 2

ပဲခူး၊ ဧပြီ ၂၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ ဧပြီလ ၂ ရက် ဒီကနေ့မှာ Bago Region PDF က သတင်းထုတ်ပြန်ထားပါတယ်။

သာယာဝတီခရိုင် PDF တပ်ခွဲ ၃ စခန်းကို မတ်လ ၃၁ ရက်မနက် ၇ နာရီခွဲလောက်မှာ စစ်သားအင်အား ၅၀ ပါစစ်ကြောင်း ၂ ကြောင်းနဲ့ တိုက်ခိုက်လာလို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“စခန်းစီးဖို့ ခြေလျင်တက်လာတာဗျ၊ ကျနော်တို့ဘက်က အသင့်ထောင်ထားတဲ့မိုင်းနဲ့ ခါချဥ်တောင်အနီးမှာဆွဲတာ။ စစ်သား ၁ ယောက်သေတယ်။ ဒဏ်ရာရသူလည်းရှိတယ်၊ အရေအတွက်တော့မသိဘူး”လို့ သာယာဝတီခရိုင် ၃၈၀၂၊ တပ်ခွဲ ၃ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဆက်လက်စစ်ကြောင်းထိုးလာ တာမျိုး မရှိသေးဘဲ နောက်ကြောင်းပြန်ဆုတ်ကာ တပ်ဖျောက်ထားတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း မင်းလှ-မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော် ကားလမ်းပေါ်က ခါချဉ်တောင်ကို စစ်ကြောင်းထိုးဖို့တက်လာတဲ့စစ်ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့လို့ ဗိုလ်မှူးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပါသေးတယ်။

အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည် စတဲ့မြို့တွေကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေငြာပြီးတဲ့နောက် ပဲခူးရိုးမအနောက်ခြမ်းကို စစ်အင်အား တိုးချဲ့ချထားသလို အုတ်ဖိုနဲ့ မင်းလှမြို့နယ်အတွင်း ပဲခူးရိုးအစပ်တွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။