ပေါက်ကစစ်ရှောင်တွေကို အဟာရဒါနကျွေးမွေး

0 2
0 2

မကွေး၊ ဧပြီ ၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာက စစ်ဘေးရှောင်တွေကို အလှူရှင်တွေကိုယ်စား အဟာရဒါနချက်ပြုတ် ကျွေးမွေးခဲ့တယ်လို့ OAK AWE UG (Salay) မြို့ပြပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ကိုဥဩက ပြောပါတယ်။

သြစတေးလျနိုင်ငံရောက် မြန်မာဇနီးမောင်နှံ ၂ ဦးနဲ့ အလှူရှင်အမျိုးသမီးတဦးက လှူဒါန်းတဲ့ မြန်မာငွေကျပ် ၆ သိန်းခွဲခန့်တန်ဖိုးရှိ မုန့်ဟင်းခါးဒါနကို မတ်လ ၃၁ ရက်က ကျွေးခဲ့တာလို့ ဆိုပါတယ်။

“အဲဒီရွာကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်တပ်ကတပ်စွဲပြီး သတင်းအမှောင်ချထားတော့ ဘာမှမသိရပဲဖြစ်နေချိန်မှာ ကျနော်တို့ကဝင်တိုက်လိုက်လို့ သူတို့ထွက်ပေါက်ရပြီး တဖြည်းဖြည်းနဲ့ ရွာကိုစွန့်ခွာပြီး စစ်ရှောင်လာတာပါ” လို့ Oke Awe UG(salay)ရဲ့ တပ်ဖွဲ့ခေါင်းဆောင် ကိုဥသြကပြောပါတယ်။

စစ်ရှောင်ပြည်သူ ၇၆၅ ဦးနဲ့ ကူညီလုပ်ကိုင်ပေးသူတွေကိုပါ ကျွေးမွေးခဲ့တာလို့ သူကဆက်ပြောပါတယ်။

ပထမအကြိမ် မတ်လ ၅ ရက်ကလည်း နော်ဝေ CRPH အဖွဲ့၊ ကိုရီးယားမြန်မာလူငယ် JSS group အဖွဲ့နဲ့ စင်ကာပူအလှူရှင်တဦးတို့ရဲ့ လှူဒါန်းငွေတွေကို ဒီးဒုတ်ကွင်းရွာက စစ်ရှောင်အိမ်ထောင်စု ၂၂၅ ကို တစုလျင် ကျပ် ၁ သောင်းနဲ့ ကြက်သွန် ၁ ပိဿာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီးဒုတ်ကွင်းရွာကဒေသခံတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကတည်းက စစ်ဘေးရှောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျေးရွာအတွင်းဒေသခံရွာသား ၂၀၀ ဦးလောက်နဲ့ စစ်သား ၁၈ ဦးဝန်းကျင်ခန့်က တပ်စွဲထားတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။