ပိန်းဇလုပ်၊ ခမရ ၂၆၄ အနီးစစ်ဆေးရေးဂိတ် တိုက်ခိုက်မီးရှို့ခံရ (ရုပ်/သံ)

0 6
0 6

မြေလတ်အသံ၊ မေ ၂၊၂၀၂၆။

ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ကံ‌ကလေးကျေးရွာအုပ်စု၊ ရွာမကျေးရွာအထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ Spring Warriors Column ဆီကသိရပါတယ်။

ပိန်းဇလုပ်အခြေစိုက် ခမရ ၂၆၄ တပ်ရင်းနဲ့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်မှာ စစ်ကော်မရှင်တပ်ဖွဲ့အင်အား ၃၀ ဝန်းကျင် အထိုင်ချတပ်စွဲနေတာဖြစ်ပြီး ဧပြီ ၂၇ ရက် ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့ဒီဂိတ်က ရွာမအထွက်မှာရှိတာပါဗျ။ အင်အားကတော့ ၂၀ နဲ့ ၃၀ ကြား၀န်းကျင်မှာ ရှိပါတယ်။ ကျနော်တို့၀င်တိုက်တဲ့အချိန်မှာ သူတို့က ထွက်ပြေးသွားတယ်ဗျ။ အဲ့ဒီမှာ ကျနော်တို့က သူတို့ရဲ့ဂိတ်တွေအကုန်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်”လို့ Spring Warriors Column ရဲ့ တာ၀န်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

ဧပြီ ၂၉ ရက်မနက်ပိုင်းမှာလည်း စစ်‌ဆေးရေးဂိတ်ကို ပြန်လည်ဝင်ရောက်ဖို့လုပ်ဆောင်နေတဲ့ စစ်ကော် မရှင်တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်‌ပွဲထပ်မံဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့၀င်အလောင်း ၂ လောင်းကို မျက်မြင်တွေ့ခဲ့တယ်လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

“အဲ့ဒိီမှာ စစ်ကောင်စီက ပြန်၀င်နေတာတွေ့တော့ ထိတွေ့မှုဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာတော့ စစ်ကောင် စီ၂ ယောက် ကျတယ်။ တပ်ကြပ်ကြီးအပါအ၀င်ပေါ့၊ ကျန်တဲ့ရဲဘော်တွေအကုန်လုံးကလည်း ပြန်ပြီးထွက်ပြေးသွားကြတယ်။ အဲ့ဒီနောက်ပိုင်းတော့ စစ်ကောင်စီဘက်က ဘယ်လိုလှုပ်ရှားမှုတွေရှိနေလဲဆိုတာတော့ ကျနော်တို့လည်း မသိရသေးပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လပထမအပတ်ထဲမှာလည်း ပိန်းဇလုပ်မြို့အခြေစိုက် အမှတ် ၂၆၄ ခြေမြန်တပ်ရင်းထဲကနေ ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ကံကလေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ၃ ရက်နီးပါးဖြစ်ပွားခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။