အဆိုတော်မာရဇ္ဇ ရဲ့ နောက်ဆုံးခရီး (ရုပ်/သံ)

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၅။

ကိုယ်ပိုင်သီချင်းတွေနဲ့အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ နောက်ဆုံးခရီး စျာပနအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် ဒီကနေ့မှာ ရန်ကုန်မြို့ ရေးဝေးသုဿန်မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံကျော်အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီ ၂၃ ရက် ညပိုင်းမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မာရဇ္ဇ ကွယ်လွန်ခဲ့တဲ့ရက်မှာ ဂီတအပါအဝင် အနုပညာရှင်အသိုင်းအဝိုင်းနဲ့ သူ့ကိုအားပေးတဲ့ပရိသတ်တွေက လူမှုကွန်ယက်တွေမှာ ဝမ်းနည်းကြောင်းရေးသားခဲ့ကြပြီး စျာပနအခမ်းအနားကိုလည်း လာရောက်ပို့ဆောင်တာကို တွေ့ရပါတယ်။

အဆိုတော် မာရဇ္ဇ ဟာ Rock Own Tune သီချင်းတွေကို ကိုယ်တိုင်ရေး၊ ဆိုခဲ့ကာ ကိုယ်ပိုင်သံစဉ်တွေကိုတန်ဖိုးထားသူတဦးဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။

မာရဇ္ဇဟာ သူ့ရဲ့ ဂီတသက်တမ်း နှစ် ၃၀ ကျော်အတွင်း ဂမ္ဘီရမိုးကြိုး၊ မိစ္ဆာအတွက်ကရုဏာ၊ မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင်၊ ရွှေရတီ၊ သေချာပါတယ် စတဲ့ တေးစီးရီးတွေထွက်ရှိခဲ့ပြီး အဲ့ဒီထဲက မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ရွှေရောင်ကောင်းကင်၊ အလွမ်းမိတ်ဆွေ စတဲ့သီချင်းတွေဟာ လူငယ်တွေအကြား စွဲထင်ရေပန်းစားခဲ့ကာ တကိုယ်တော် Show တွေလည်း ထွက်ရှိထားပါတယ်။

အဆိုတော် မာရဇ္ဇ ခေါ် ကိုသိန်းဇော် ဟာ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ရှိပြီ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။