ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့ ဒေသခံတွေကို PDF ဆေးကုသပေး (ရုပ်/သံ)

0 5
0 5

ကနီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်းကျေးရွာတွေက ပြည်သူ ၆၀၀ ကျော်ကို အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကနီအခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂ တပ်ရင်းက ဆေးဝါးကုသမှုတွေပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းရဲ့ ဆေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆေးဝါးကုသမှုပေးခဲ့တဲ့ ကနီမြို့နယ်တွင်းက ကျေးရွာတွေဟာ ကနီမြို့နဲ့ မိုင် ၃၀ ကျော်ဝေးပြီး ဆေးဝါးသယ်ယူရာမှာ လမ်းအခက်အခဲရှိတဲ့အပြင် မြို့တွေ့နဲ့ ဝေးလံတာတွေကြောင့် ကျန်းမာရေးစောင့်ရှောင်မှု လုံလောက်စွာမရရှိတဲ့ ဒေသတွေဖြစ်တယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင် အမှတ် ၂ တပ်ရင်းဆေးတပ်ဖွဲ့က အခုလိုဆေးဝါးကုသမှုပေးနေတာဟာ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေ၊ ပြည်သူနဲ့တသားတည်းရှိပြီး လူထုကို စောင့်ရှောက်လိုတာတွေကြောင့် ဖြစ်တယ်လို့ ဆေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“အခုလိုတွေ ပြုလုပ်ပေးနေတာက ပြည်သူလူထုလည်း အခက်အခဲများစွာ ရှိနေတယ်၊ သူတို့ အခက်အခဲတွေကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတွေဘက်ကနေပြီးတော့ တတ်စွမ်းသမျှ ကာကွယ်စောင့်ရှောက်ပြီး ပြည်သူလူထုနဲ့ တသွေးတည်းတသားတည်း ရှိနေတယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ရက်တွေမှာ ယင်းမာပင်ခရိုင် အမှတ် ၂တပ်ရင်းက ကနီမြို့နယ်တွင်းက ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ကျန်းမာရေးအသိပညာပေး ဟောပြောမှုတွေ၊ လေကြောင်းရန်ကာကွယ်ရေး သတိပေးလှုံ့ဆော်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။