ကင်းလှည့်နေတဲ့ စစ်အုပ်စု စနိုက်ပါနဲ့ပစ်ခံရပြီး ၂ ဦးသေဆုံး

0 1
0 1

မကွေး၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းနဲ့ တပ်ကုန်းရွာသစ် လမ်းပိုင်းတနေရာမှာ ခြေလျင်နဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့တွေ စနိုက်ပါနဲ့ပစ်ခံရပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ ဒီဇင်ဘာလ ၃၀ ရက်မနေ့ကမနက် ၁၀ နာရီဝန်းကျင်မှာ ကိုင်းလယ်ရဲစခန်းကနေ အင်အား ၁၀ ဦးခန့်နဲ့ ခြေလျင်ကင်းလှည့်လာချိန် စနိုက်ပါနဲ့ One Shot One Kill Mission အရတိုက်ခိုက်ခဲ့တယ်လို့ Pauk Revolution Front (PRF) မှ တာဝန်ရှိသူတဦးကပြောပါတယ်။

“သူတို့အဖွဲ့က ကိုင်းလယ်စခန်းကနေထွက်လာချိန် မီတာ ၂၀၀ လောက်ပဲ ရှိအုန်းမယ်။ ကျနော်တို့အဖွဲ့ကစောင့်ပြီး စနိုက်ပါနဲ့ပစ်ခဲ့တာ။ သူတို့တွေကဝတ်စုံအပြည့်နဲ့ဆိုတော့ ထိသေတဲ့သူတွေက ပျူလား စကစလား ခွဲရတော့ခက်တယ်။ ပစ်ခတ်လို့ သူတို့ဘက်က ထိခိုက်သေဆုံးတာရှိတာနဲ့ ပြန်ဆုတ်လာခဲ့တယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၂ ဦးနေရာမှာတင်သေဆုံးပြီး ၁ ဦးကတော့ ဝမ်းဗိုက်ထမှန်ဒဏ်ရာရခဲ့တာကို အတည်ပြုနိုင်ပြီး သေဆုံးဒဏ်ရာရသူတွေကိုတော့ စစ်ကောင်စီဘက်က အတော်ကြာမှာ ကားနဲ့ပြန်သယ်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်ကလည်း ပေါက်မြို့နယ်၊ တရော်ကိုင်းကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။