27 July 2026 9:02 AM

စစ်ကောင်စီမီးရှို့ဒဏ်ကနေ နှစ်လကျော်ကြာရှောင်နေရတဲ့ ညောင်ကားယားဒေသခံ ၇၀၀ ကျော် အကူညီလိုအပ်နေ

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက အောက်တိုဘာလအတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ညောင်ကားယားရွာကဒေသခံ ၇၀၀ ကျော် နှစ်လကျာ်ကြာတဲ့အထိတောတွေထဲ ရှောင်နေရပြီး အခက်အခဲတွေဖြစ်နေတယ်လို့ မြောင်စစ်ဘေးရှောင်ကူညီစောင့်ရှောက်နေတဲ့ တာဝန်ခံတဦးက ပြောပါတယ်။

မြောင်မြို့နယ်အတွင်းက ညောင်ကားယားရွာကို အောက်တိုဘာလ ၈ ရက်နဲ့ ၉ ရက်နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်တွေရဲ့မီးရှို့ခံခဲ့ရပြီး နေအိမ်အားလုံးနီးပါးမီးလောင်ပြာကျခဲ့တာလို့ ဆိုပါတယ်။

“ခုချိန်ထိကိုမီးရှို့ခံရတဲ့ နေရာတွေလဲမပြန်နိုင်ဘူး။ ရွာနားနီးစပ်တောတွေထဲမှာပဲ နေနေရတယ်။ မြစ်နားနီးတဲ့ရွာတွေဆိုလဲညညဆို ကြောက်နေရတယ်။ အီနာဂါတွေနဲ့ ညဆိုပစ်တော့။ ခုကနှစ်လလောက်ရှိပြီညောင်ကားယားက ၇၀၀ ကျော် ၈၀၀ နီးပါး မီးဘေးရှောင်နေရတာ။ နေစရာအမိုးအကာရော အစားအသောက်အကုန်လိုအပ်နေပြီး အကူအညီတွေလိုနေတယ်” လို့ သူကဆက်ပြောပါတယ်။

ညောင်ကားယားရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီးလူဦးရေ ၇၀၀ ကျော် ၈၀၀ နီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပြီး ခုချိန်ထိအိမ်မပြန်နိုင်သေးသလို တောထဲတွေမှာ အဆင်ပြေသလို နေထိုင်ရင်း အခက်အခဲတွေဖြစ်နေ တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်က မီးရှို့လို့ စစ်ကိုင်းတိုင်းထဲက နေအိမ်ပေါင်း ၃ သောင်းနီးပါး မီးရှို့ခံခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေ တသိန်းဝန်းကျင်အထိရှိလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) သုတေသနအဖွဲ့အစည်းရဲ့ မှတ်တမ်းတွေက ထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။