27 July 2026 9:02 AM

မီးရှို့ခံလိုက်ရတဲ့ အိမ်ထောင်စု ၁၄၅ စုကို PDF က ဆန်၊ စောင်နဲ့ အဝတ်အထည်တွေ ထောက်ပံ့

0 1
0 1

မကွေး၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းက စစ်ကောင်စီ မီးရှို့တာခံလိုက်ရတဲ့ ပြည်သူတွေကို ဆန်၊ စောင်နဲ့ အဝတ်အထည်တွေကို N-YSO ပြောက်ကျားတပ်ဖွဲ့က သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနေ့က မနက် ၉ နာရီလောက်မှာ ရေစကြိုမြို့နယ်က မီးရှို့ခံလိုက်ရတဲ့ အိမ်ထောင်စု ၁၄၅ စုကို ပြည်သူတွေကပဲ လှူပေးလိုက်တဲ့ ဆန်၊ စောင်နဲ့ အနွေးထည်တွေကို တဆင့်သွားထောက်ပံ့ခဲ့တာဖြစ်တယ်လို့ PDF တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ အိမ်ခြေ ၁၀၀ ကျော်ကို ၁ အိမ်ကို ဆန် ၁ တင်းနှုန်းဝေခဲ့တယ်။ နောက်တရွာက မီးဘေးသင့် ၁၂ အိမ်ကို ဆန် ၁ အိတ်လှူဒါန်းခဲ့တယ်။ အိမ်ထောင်စု ၁၄၅ စုအတွက် အဝတ်အထည်နဲ့ စောင်တွေ လှူဒါန်းပြီး သောက်ဖို့သောက်ရည်အိုး အခက်အခဲဖြစ်နေမှာစိုးလို့ သောက်ရည်အိုးတွေ လှူဒါန်းခဲ့ပါတယ်” လို့ ဗိုလ်လင်းက‌ ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ မီးဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ဝေမျှမှုတွေ လုပ်ပေးစေချင်တယ်လို့လည်း ဆိုပါတယ်။

“စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့သွားကြတာကြောင့် အဲဒီကျေးရွာက ပြည်သူတွေမှာ ဘာမှမယူလိုက်ရပါဘူး။ နေစရာလည်း အခက်အခဲဖြစ်နေပါတယ်။ အခုအချိန်က ဆောင်းတွင်းကာလဆိုတော့ နေရထိုင်ရတာ တော်တော်လေး ပင်ပန်းဆင်းရဲပါတယ်။ ကျန်းမာရေးအတွက်လည်း ကျနော်တို့‌ထောက်ပံ့ပေးနိုင်သလောက် ထောက်ပံ့ပေးပါတယ်။ တအားကြီးလုပ်ပေးနိုင်တဲ့ အနေအထားမရှိသေးပါဘူး” လို့ ဗိုလ်လင်းက ဆိုပါတယ်။

ရေစကြိုမြို့နယ်အတွင်းက စစ်ကောင်စီမီးရှို့တာခံလိုက်ရတဲ့ အခြားကျေးရွာတွေနဲ့ ရှောင်တိမ်းနေရတဲ့ ဒေသခံတွေ အခက်ခဲများစွာရှိနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။