လူမရှိတဲ့ PDF စခန်းထဲဝင်သိမ်းတဲ့စစ်ကြောင်းကို ပြန်တိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း

0 31
0 31

ဆော၊ ဇူလိုင် ၂၅၊ ၂၀၂၆။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့နဲ့လောင်းရှည်မြို့အကြားရှိ PDF ယာယီစခန်းကို ဝင်သိမ်းတဲ့စစ်ကောင်စီအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ရာ လက်နက်အချို့သိမ်းဆည်းရမိထားတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇူလိုင် ၂၄ ရက်နေ့လယ် ၁၂ နာရီခန့်မှာ လောင်းရှည်မြို့ကနေထွက်လာတဲ့ အင်အား ၂၀၀ ပါ စစ်ကြောင်းဟာ လောင်းရှည်နဲ့ဆောမြို့အစပ်က ဂန့်ဂေါခရိုင်တပ်ရင်း ၆ ရဲ့စခန်းနေရာကို ဝင်ရောက်စီးနင်းပြီးနောက် ပြန်ထွက်လာချိန်မှာတိုက်ခိုက်ခံရတာလို့ဆိုပါတယ်။

ပုံစာ – ဇူလိုင် ၂၄ ရက်တွင် စစ်ကော်စီတပ်များဝင်ရောက်ခဲ့သည့် ဂန့်ဂေါခရိုင်တပ်ရင်း ၆ ယာယီစခန်း။
(စစ်ကောင်စီတယ်လီဂရမ်)
ပုံစာ – ဇူလိုင် ၂၄ ရက်တွင် စစ်ကော်စီတပ်များဝင်ရောက်ခဲ့သည့် ဂန့်ဂေါခရိုင်တပ်ရင်း ၆ ယာယီစခန်း။
(စစ်ကောင်စီတယ်လီဂရမ်)

“စခန်းဟောင်းကို ဟပေးလိုက်တာ။ တပ်ရင်း ၆ ကစခန်းကုန်းကို ဟပေးပြီးမှဝင်တိုက်တာ။ အာပီဂျီတွေကော G3 တွေကော၊ MA 3 တွေနဲ့ ၆၀ သီး၊ ၈၀ သီးတွေလည်းတော်တော်ရလိုက်တယ်”လို့ ဖြစ်စဥ်ကိုသိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိသလို လက်နက်တွေလည်း သိမ်းဆည်းရမိကာ အသေးစိတ်ကိုတော့သက်ဆိုင်ရာတပ်ရင်းတွေက သတင်းထုတ်ပြန်ပေးမယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ပုံစာ – ဇူလိုင် ၂၄ ရက်တွင် စစ်ကော်စီတပ်များဝင်ရောက်ခဲ့သည့် ဂန့်ဂေါခရိုင်တပ်ရင်း ၆ ယာယီစခန်း။
(စစ်ကောင်စီတယ်လီဂရမ်)
ပုံစာ – ဇူလိုင် ၂၄ ရက်တွင် စစ်ကော်စီတပ်များဝင်ရောက်ခဲ့သည့် ဂန့်ဂေါခရိုင်တပ်ရင်း ၆ ယာယီစခန်း။
(စစ်ကောင်စီတယ်လီဂရမ်)

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ ဆောမြို့နယ်အတွင်းက PDF စခန်းတခုကို သိမ်းပိုက်ရရှိတယ်လို့ဖော်ပြထားကာ ဓာတ်ပုံတွေထဲမှာတော့ လက်လုပ်သေနတ်အဟောင်းအချို့နဲ့ လူနေတဲအချို့ကိုတွေ့ရပြီး စခန်းကတော့ တပ်ရင်း ၆ ရဲ့ယာယီစခန်းဖြစ်တယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က အတည်ပြုပါတယ်။

စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့တဲ့စခန်းဟာ ကာကွယ်ရေးတပ်တွေဖွဲ့ဝင်တွေ အတည်တကျမနေထိုင်တဲ့ ယာယီစခန်းတခုဖြစ်ပြီး ဝင်ရောက်ချိန်မှာလည်း တပ်ဖွဲ့ဝင်တွေမရှိဘူးလို့ သိရပါတယ်။

ပုံစာ – ဇူလိုင် ၂၄ ရက်တွင် စစ်ကော်စီတပ်များဝင်ရောက်ခဲ့သည့် ဂန့်ဂေါခရိုင်တပ်ရင်း ၆ ယာယီစခန်း။
(စစ်ကောင်စီတယ်လီဂရမ်)
ပုံစာ – ဇူလိုင် ၂၄ ရက်တွင် စစ်ကော်စီတပ်များဝင်ရောက်ခဲ့သည့် ဂန့်ဂေါခရိုင်တပ်ရင်း ၆ ယာယီစခန်း။
(စစ်ကောင်စီတယ်လီဂရမ်)
ပုံစာ – ဇူလိုင် ၂၄ ရက်တွင် စစ်ကော်စီတပ်များဝင်ရောက်ခဲ့သည့် ဂန့်ဂေါခရိုင်တပ်ရင်း ၆ ယာယီစခန်း။
(စစ်ကောင်စီတယ်လီဂရမ်)

တိုက်ပွဲဖြစ်ပြီးနောင် အဆိုပါစစ်ကြောင်းဟာ ဆောမြို့ထိမရောက်သေးဘဲ ဇူလိုင် ၂၅ ရက်အထိ တိုက်ပွဲဖြစ်တဲ့ဧရိယာဝန်းကျင်အတွင်းမှာသာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ခဲ့တဲ့စစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက်ကစတင်ကာ ပွင့်ဖြူကနေအင်အား ၄၀၀ ကျော်နဲ့ လောင်းရှည်မြို့ကို ဦးတည်ထွက်ခွာလာတဲ့စစ်ကြောင်းဖြစ်ပြီး လောင်းရှည်ကနေ ဆောမြို့၊ အဲဒီကမှတဆင့် ကန်ပက်လက်အထိ စစ်ကြောင်းထိုးဖို့စီစဥ်နေတာလို့သိရကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။