26 July 2026 4:47 PM

ဝမ်းတွင်းက အုပ်ချုပ်ရေးမှူးသားအဖ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

0 1
0 1

မန္တလေး၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၂။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ညောင်တိုကျေးရွာက အုပ်ချုပ်ရေးမှူး သားအဖ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်မနေ့ကည ၈ နာရီခန့်မှာ ညောင်တိုကျေးရွာနေ အသက် ၅၀ နှစ်ဝန်းကျင် အုပ်ချုပ်ရေးမှူးဦးပြေအေး နဲ့ သူ၏သား ၂၅ နှစ်ဝန်းကျင် ကိုစိုင်မြင့်အောင်ပြေ (ခ) ပုလုံးတို့ကို နေအိမ်မှာပဲ လက်နက်ကိုင်အဖွဲ့တခုကပစ်သတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့သားအဖပစ်သတ်ခံရတာက ဟုတ်တယ်။ အုပ်ချုပ်ရေးမှူးဆိုတော့ သူတို့ကရွာထဲမှာ လူတွင်ကျယ်လုပ်ချင်တာလည်း ရှိတာပေါ့။ ဒါကြောင့်လာပစ်သတ်သွားတာလားတော့မသိရဘူး”လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးသားအဖအသတ်ခံရတယ်လို့သတင်းရပြီး လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီအင်အား ၂၀ ခန့်ပါတဲ့ကားလည်း ရိုးစုကျေးရွာနဲ့ ဖုန်းစိုးကျေးရွာကြားမှာ မိုင်းဆွဲခံခဲ့ရကာ ထိခိုက်သေဆုံးမှုကိုမသိရသေးဘူးလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ကိုပြည်အေးဆိုသူမှာ မြို့နယ်အတွင်း အကြီးစားပျူစောထီးခေါင်းဆောင်ဖြစ်ပြီး၊ ကျေးရွာနေပြည်သူများအပေါ် အမြဲတမ်းဗိုလ်ကျအနိုင်ကျင့်နေသူဖြစ်သလို သားဖြစ်သူဟာလည်း ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်ပြီး ရွာတွေကို PDF တွေ မလာအောင်၊ PDFတွေကိုရှာဖွေပြီး စစ်ကောင်စီကိုသတင်းပေးနေလို့ ရှင်းလင်းခဲ့တာဖြစ်သလို အလောင်းကောက်ဖို့လာတဲ့ စစ်ကောင်စီကားကိုလည်းမိုင်းဆွဲခဲ့တာဖြစ်တယ်လို့ WTRF (wundwin township revolution force)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၀ ရက်မှာလည်း သဲတောလေးကျေးရွာ အုပ်ချုပ်ရေးမှူးမောင်ရှိန်ကို WTRF အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။