ပျူစောထီးတွေကို PDF အဖွဲ့တွေပေါင်းပြီး နေရာခွဲတိုက်လို့ တဦးသေကာ ပြင်းထန်ဒဏ်ရာရသူများ

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်က ပျူစောထီးအဖွဲ့ကို နေရာ ၂ ခုခွဲကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Shwebo Federal Army SBFAအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့အနောက်ခြမ်း သီးလုံးကျေးရွာမှာ ဒီဇင်ဘာလ ၂၄ ရက် မနက်ပိုင်းနဲ့ တည်သီးတောရွာကို နေ့လယ်ပိုင်းအချိန်လောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သီးလုံးရွာက ပျူစောထီးခေါင်းဆောင် ဝင်းဇော်အောင်နဲ့မြင့်ခိုင်တို့က ရွာထဲကနေ ဆိုင်ကယ်တစီးကို နှစ်ယောက်စီးထွက်လာတာ အဲဒါကို မိုင်းဆွဲခဲ့တာပါ။ နှစ်ဦးစလုံးသေလောက်တဲ့ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်။ တည်သီးတောက ပျူတယောက်ကတော့ သေပါတယ်”လို့ SBFA အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာလ ၂၄ ရက် မနေ့နေ့လည်ပိုင်းလောက်မှာ အသင့်စောင့်နေတဲ့ ပူးပေါင်းအဖွဲ့က လက်နက်ငယ်နဲ့ပစ်ခတ်ရာ တည်သီးတောရွာက ပျူစောထီးတဦး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မနက်ပိုင်းတိုက်စဥ် ပျူစောထီးတွေက စစ်ကောင်စီတပ်ကို အကူခေါ်ရာ ရွှေဘို – ရေဦးလမ်းပိုင်းက စိုက်သိပ္ပံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်သား ၇ ဦးလောက်ရောက်လာပြီး RPG နဲ့ ရမ်းသမ်းပစ်ခတ်ပုန်းအောင်းနေချိန် Drone ၂ လုံး ထပ်မံတိုက်ခိုက်ရာ ပြင်းထန်ဒဏ်ရာတွေရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ShweBo Federal Army SBFA အဖွဲ့နဲ့ တိုက်နယ် ၂ မဟာမိတ်ညီနောင်အင်အားစုတွေ ပူးပေါင်းခဲ့ကြပြီး အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း SBFA နဲ့ပူးပေါင်းအဖွဲ့တွေဟာ တည်သီးတောရွာက ပျူစောထီးတွေကို အဝေးထိန်းမိုင်း ညောင်ကိုင်းရွာ ပျူစောထီးအဖွဲ့ကို ပါဆယ်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။