သဲကုန်းမှာ စစ်မှုထမ်းဟောင်း ပျူစောထီးသင်တန်းဆင်းတဦး နေအိမ်မှာ ပစ်သတ်ခံရ

0 1
0 1

ပဲခူး၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ရုံးပင်တက်ကျေးရွာမှာ နေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးသင်တန်းဆင်းတဦး မနေ့ကညပိုင်းက သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူ စစ်မှုထမ်းဟောင်း ပျူစောထီးသင်တန်းဆင်းသူမှာ သဲကုန်းမြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာက ရုံးပင်တက်ကျေးရွာမှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ဦးခင်မောင်ထွန်း ဆိုသူဖြစ်ပြီး၊ မနေ့ကည ၉ နာရီခန့်မှာ သူရဲ့နေအိမ်မှာပဲ ပစ်သတ်ခံလိုက်တရတာဖြစ်တယ်လို့ ဒေသခံတဉီးက မြေလတ်အသံကို ပြောပါတယ်။

“သူက အရင်သဲကုန်းမြို့နယ် ကြံ့ဖွတ်ပါတီ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဉီးစိုး​အောင်နဲ့ ရင်းနှီးပြီးတော့ NLD မ​ကောင်း​ကြောင်း အပုတ်ချ အမြဲ​ပြောတယ်။ ပြည်မှာလုပ်တဲ့ ပျူစောထီးသင်တန်းကို သူနဲ့အတူ ရွာက ၅ ယောက် သွားတက်ထားတဲ့လူ၊ လာပစ်သတ်သွားတာ ၇ ယောက်လောက်ရှိတယ်။ အကုန်လုံးမျက်နှာဖုံးတွေ စွပ်ထားတာ၊ ဘယ်အဖွဲ့က သတ်တာလဲတော့ မသိဘူး” လို့ သူက ဆက်ပြောပါတယ်။

စစ်မှုထမ်းဟောင်း ပျူစောထီးသင်တန်းဆင်း ဦးခင်မောင်ထွန်း အသတ်ခံရပြီးနောက်၊ သူနဲ့အတူ ပြည်မြို့မှာသွားပြီး ပျူစောထီးသင်တန်းတက်ခဲ့တဲ့ ၄ ဉီးလည်း ရွာကနေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ရဲနဲ့စစ်တပ်က ရွာမှာလာစစ်နေတယ်။ သူနဲ့သင်တန်းတက်ခဲ့တဲ့ လူတွေလည်း ပြေးကုန်ကြပြီ၊ ဘာလို့ပြေးလဲတော့မသိဘူး။ အိမ်ထဲမှာ လာပစ်သတ်သွားတာကတော့ အေးအေးဆေးဆေး ဝင်ပစ်သတ်သွားတာ၊ ပွဲချင်းပြီးပဲ” လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက် မနက်အစာပိုင်းကလည်း ပေါင်းတည်မြို့နယ် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅၊ နွေဦးတပ်ဖွဲ့က သဲကုန်းမြို့နယ် လျှပ်စစ်ရုံး(EPC)ကို မိုင်းခွဲသတိပေးခဲ့သလို၊ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဖားယားကြီးကျေးရွာက အုပ်ချုပ်ရေးမှုး ဦးဆောင်းတင် ဆိုသူကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။