⁩ ⁨ဆိုင်ကယ်နဲ့ မြို့ထဲဝင်လာတဲ့ ရဲနဲ့ပျူ ပစ်သတ်ခံရပြီး PDF တွေ လက်နက်သိမ်းဆည်းနိုင်ခဲ့

0 32
0 32

ကန့်ဘလူ၊ ဇူလိုင် ၂၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ထဲကို ဆိုင်ကယ်နဲ့ ဝင်လာတဲ့ ရဲနဲ့ ပျူစောထီး ၂ ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ကန့်ဘလူမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့မနက် ၈ နာရီခန့်မှာ ဇီးကုန်းရဲစခန်းကနေ ဆိုင်ကယ်တစီးနဲ့အတူ ထွက်လာတဲ့ ရဲတပ်သားတဦးနဲ့ ပျုစောထီးတို့ကို မြို့ထဲတနေရာမှာ သတင်းအရ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဖြစ်တာက မနက် ၈ နာရီလောက်ဆိုတော့ လက်ဖက်ရည် ထွက်သောက်တာ ဖြစ်နိုင်တယ်။ ပစ်ခတ်မှုက ခဏပဲဖြစ်လိုက်တယ်။ နှစ်ယောက်စလုံးကတော့ နေရာမှာပွဲချင်းပြီးပဲ”လို့ ကန့်ဘလူမြို့နယ်ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ရဲနဲ့ပျု ၂ ဥဦးနေရာမှာပင်သေဆုံးသွားခဲ့ပြီး သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကာ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ အဖွဲ့ဝင်တွေကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကော်မရှင်အဖွဲ့တွေဟာ သေဆုံးအလောင်းတွေကို လာပြန်ကောက်သွားပြီး၊ ပစ်ခတ်သွားသူတွေကိုမြို့တွင်း ပိတ့်ဆိုရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအနီး ကာဘိုး-ကျီကုန်းလမ်းပေါ်မှာ ပိုက်ဆံကောက်ထွက်လာတဲ့ စစ်ကော်မရှင်အဖွဲ့တိုက်ခိုက်ခံရပြီး ၅ ဦးသေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။