⁩ ⁨PDF စခန်းဗုံးကြဲခံရလို့ လက်နက်တွေအပါအဝင် စခန်းပျက်စီး

0 32
0 32

ရေစကြို၊ ဇူလိုင် ၂၁၊ ၂၀၂၆။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ပိုင်းတနေရာရှိ PDF စခန်းဗုံးကြဲခဲရလို့ လက်နက်တွေအပါအဝင် စခန်းလည်း ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ညနေ ၃ နာရီခန့်မှာ စခန်းတည်နေရာကို စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၄ စီး၊ Mi-35 ၁ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – လေကြောင်းနဲ့ ဗုံကြဲခံရတဲ့ PDF စခန်းနဲ့ ပျက်ဆီးဆုံးရှုံးမှုများ

“ကြဲတာက အလုံးကြီး ၇ လုံး။ ဖိုက်တာနဲ့ ၂ စီး ၂ ကြိမ်လာကြဲတယ်။ Mi-35 နဲ့ကဗုံးလည်းကြဲ၊ ပစ်လည်းပစ်တယ်။ ထိခိုက်သေဆုံးတာ မရှိဘူး။ အပျက်အစီးတော့ ရှိတယ်။ ရဲဘော်တွေက အချိန်မှီရှောင်နိုင်တိမ်းလိုက်နိုင်လို့ ထိခိုက်မရှိတာ”လို့ အခြေနေကို သိရှိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ဗုံးကြဲခံရမှုအတွင်း စခန်းအဆောက်အဦးတွေအပါအဝင် သေနတ် ၅ လက်၊ ဒရုန်းတစီး၊ ကားအချို့နဲ့ စခန်းအတွင်းရှိ စားရိက္ခာတွေနဲ့ ပစ္စည်းအချို့ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ပုံစာ – လေကြောင်းနဲ့ ဗုံကြဲခံရတဲ့ PDF စခန်းနဲ့ ပျက်ဆီးဆုံးရှုံးမှုများ
ပုံစာ – လေကြောင်းနဲ့ ဗုံကြဲခံရတဲ့ PDF စခန်းနဲ့ ပျက်ဆီးဆုံးရှုံးမှုများ

ဗုံးကြဲခံရပြီးနောက်မှာတော့ စခန်းအနီးရှိကျေးရွာတွေက ပြည်သူအချို့ဘေးလွန်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဆိုပါ စခန်းဗုံးကြဲခံရတာနဲပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်က ဇူလိုင်လ ၂၁ ရက်နေ့အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မတ် ၁၂ ရက်ကလည်း ရေစကြိုမြို့နယ်ထဲက၊ စဉ့်ကိုင်ကျေးရွာနဲ့ ကံသစ်ကျေးရွာက ရပ်ကျေးကာကွယ်ရေး စခန်းနှစ်ခုကို စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်စီးနင်းလို့ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသွားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။