စစ်တပ်ဘက်ကို BDF တပ်ဖွဲ့တွေ ဘက်ပြောင်းပြီးနောက် ဂန့်ဂေါမြို့က ပြည်သူ (၂၂) ဦး ဖမ်းဆီးခံလိုက်ရ

0 3
0 3

ဂန့်ဂေါ၊ စက်တင်ဘာ ၉၊ ၂၀၂၆။

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်ရပ်ကွက်တွေမှာ (၅) ရက်အတွင်း စစ်တပ်က ပြည်သူ (၂၂) ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေက အသက် (၂၀) ကနေ (၄၀) ကြားအမျိုးသားတွေ အများစုပါဝင်ပြီး အမျိုးသမီး (၃) ဦး လည်းပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ် အဖွဲ့ဝင်တွေဟာ စက်တင်ဘာလ (၄) ရက်နေ့ညမှာ ခင်သာကုန်းရပ်ကွက်က (၃) ဦးနဲ့ ကျောတိုက်ရပ်ကွက်က (၃) ဦး၊ စက်တင်ဘာလ (၅) ရက်နေ့ညမှာ မိုးကောင်းရပ်ကွက်မှ (၆) ဦး၊ (၆) ရက်နေ့ညမှာ မြို့မရပ်ကွက် (၁) ဦး၊ စည်ပင်ရပ်ကွက်က (၂) ဦးနဲ့ မိုးကောင်းရပ်ကွက်က (၁) ဦး၊ (၇) ရက်နေ့ညမှာ မိုးကောင်းရပ်ကွက် (၁) ဦး နဲ့ စည်ပင်ရပ်ကွက် (၁) ဦး၊ (၈) ရက်နေ့ညမှာ မိုးကောင်းရပ်ကွက် (၁) ဦး၊ ကျောတိုက်ရပ်ကွက်က (၁) ဦးနဲ့ စည်ပင်ရပ်ကွက်က (၂) ဦး စုစုပေါင်း (၂၂) ဦးကို ဖမ်းဆီးသွားပါတယ်။

” ခလရ ၅၀ တပ်ထဲ လက်ပြောင်းသွားတဲ့ Black Dragon Force အဖွဲ့က ငြိမ်းသော် (ခ) ချမ်းမင်းအောင်တို့အဖွဲ့က မဟုတ်မမှန်လက်ထောက်ချလို့ ဖမ်းဆီးခံရတာ။ အဓိက ညဘက်တွေမှာ နေအိမ်တွေပေါ်တက်ပြီး ဖမ်းဆီးတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကိုတော့ ခလရ (၅၀) တပ်နဲ့ ဂန့်ဂေါရဲစခန်းတွေမှာထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့တွေ့ခွင့်မရဘဲ ဖမ်းဆီးခံရသူတွေက သာမန်လက်လုပ်လက်စားတွေနဲ့ စျေးရောင်းသူတွေ အများစုပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့ည (၁၁) နာရီကျော်ခန့်က ဂန့်ဂေါမြို့အနောက်ဖက် ရာဇမုနိဘုရားကုန်းအနီးမှာ CDF-KKG တပ်ရင်း (၆)  ဥက္ကဌဖြစ်သူ ကိုဘဖြိုး၊ ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး တို့ကို သတ်ဖြတ်ပြီးနောက် Black Dragon Force အဖွဲ့မှ ငြိမ်းသော် (ခ) ချမ်းမင်းအောင်အပါဝင် အပေါင်းပါ (၈) ဦးတို့ဟာ လက်နက်တွေနဲ့အတူ ခလရ (၅၀) တပ်ထဲကို ပူးပေါင်းသွားကြတယ်လို့ သိရပါတယ်။

စာတည်း-စိုးဦးthan

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။