စစ်ရှောင်ရာမှ အိမ်ပြန်လာနေသူလင်မယား ဒရုန်းနဲ့ဗုံးကြဲခံရလို့ မိန်းမဖြစ်သူသေဆုံး

0 23
0 23

စဉ့်ကူး၊ ဇူလိုင် ၂၂၊ ၂၀၂၆။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာမှာ စစ်ရှောင်နေရာမှ နေအိမ်ပြန်လာတဲ့ လင်မယား ဒရုန်းဗုံးထိမှန်လို့ မိန်းမဖြစ်သူသေဆုံးသွားတယ်လို့ စဉ့်ကူးမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ညနေ ၆ နာရီ မိနစ် ၃၀ ခန့်မှာ ကျွန်းကြီးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေက ကြက်တူရွေးရွာဘက်ကို ဒရုန်းနဲ့ ၃ ကြိမ် ဗုံးသီးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သူတို့က တောင်သူနဲ့ တံငါလည်းလု​ပ်တယ်။ ရေတက်တော့ လိုအပ်တဲ့ပစ္စည်းလေးယူရင်း နေအိမ်ပြန်နေ နေတာမှာ ထိတာ။ နေအိမ်ပေါ် တည့်တည့်ကျတာ။ ထိတာက လင်မယားနှစ်ယောက်ပါ။ သူတို့ကစစ်ရှောင်ရင်း မြစ်ရေတက်တော့ အိမ်မှာလာပြန်နေတာ”လို့ စဉ့်ကူးမြို့နယ်ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောပါတယ်။

ပုံစာ – ဒရုန်းနဲ့ဗုံကြဲခံရလို့ သေဆုံးသူဒေါ်ဝင်းဌေးနဲ့ ဒဏ်ရရာသူ ဦးမျိုးမင်းဦး

ဒရုန်းဗုံးထိမှန်လို့ အသက် ၅၀ ကျော်အရွယ် ဒေါ်ဝင်းဌေးမှာ ဝမ်းဗိုက် ဗုံးစမှန်ပြီး ဆေးကုသနေစဥ် သေဆုံးသွားကာ အမျိုးသားဖြစ်သူ ဦးမျိုးမင်းဦးမှာတော့ ဦးခေါင်းထိမှန် ဒဏ်ရာရသွားသလို သူတို့နေအိမ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ ကြက်တူရွေးကျေးရွာရှိ ပြည်သူတွေဟာ ဇန်နဝါရီလလောက်ကတည်းက စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာကနေ ရွာလုံးကျွတ်တိမ်းရှောင်နေကြရပြီး နီးစပ်ရာကျေးရွာတွေမှာ နေထိုင်နေကြရကာ စစ်ရေးအခြေနေကောင်းမွန်ချိန် ရွာခံတွေက လိုအပ်တဲ့ပစ္စည်းတွေ နေအိမ်ပြန်ယူလိုက်၊ ကျေးရွာထဲရက်အနည်းငယ်နေထိုင်လိုက် လုပ်နေကြရတာလို့ သိရပါတယ်။

ယခုလို စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ဗုံးကြဲခံရလို့ ကျေးရွာထဲပြန်နေထိုင်နေတဲ့ပြည်သူအချို့ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ ရွာတော်ရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်လို့ ပြည်သူ ၅ ဦးဒဏ်ရာရတယ် သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။