26 July 2026 5:14 PM

ပစ်သတ်ခံရတဲ့ ဖခင်ပျူစောထီးခေါင်းဆောင်နေရာကိုယူထားတဲ့ သားဖြစ်သူ ထပ်မံပစ်သတ်ခံရ

0 22
0 22

ပေါင်းတလည်၊ ဇွန် ၄၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတလည်မြို့၊ ခွေးရဲရွာမအုပ်စု၊ ချဥ်ရုတ်ကုန်းရွာကပျူစောထီး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက ဇွန် ၆ ရက် ဒီ‌ကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၄ ရက်မှာ ပေါင်းတလည်မြို့ရဲစခန်းကနေ ချဉ်ရုတ်ကုန်းရွာကို ပြန်လာတဲ့ ပျူစောထီးစိုင်းသီဟ (ခ) ချိုကြီးကို ကြားဖြတ်ဖမ်းဆီးပြီး ဆိုင်ကယ်နဲ့ခေါ်လာချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ ဆိုင်ကယ်ကို ဆွဲလှဲပြီး‌တော့မှ သေနတ်လုဖို့ကြံတဲ့အတွက် ကျနော်တို့ရှင်းလင်းလိုက်တာ။ သူကခေါင်းဆောင်၊ ပထမ သူ့အဖေကခေါင်းဆောင်။ သူတို့ သားဖ ၂ ယောက်လုံးက အပတ်စဉ် ၁ သင်တန်းဆင်းတွေ။” လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံ Shadow ကမြေလတ်အသံကိုပြောပါတယ်။

စိုင်းသီဟ ဟာ ပျူစောထီးသင်တန်း အပတ်စဉ် ၁ ကို ခလရ ၇၅ မှာတက်ရောက်ထားသူဖြစ်ပြီး စစ်ကော်မရှင်တပ်က လစာအဖြစ် ၂၇၀,၀၀၀ ကျပ်နဲ့ ဆန် ၈ ပြည်၊ ဆီ ၅၀ သား ရရှိနေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ပြည် ခလရ ၇၅ ဒကစ‌ ထဲမှာ သင်တန်းသွားတက်ထားတဲ့ကောင်တွေပေါ့နော်။ သူအဖေပြီးတော့ သူခေါင်းဆောင်လုပ်တယ်။ သူ့အဖေကို ကျနော်တို့ရှင်းလင်းပြီးတဲ့နောက်မှာ ခေါင်းဆောင် လုပ်လာတာပေါ့နော်” လို့ အထက်ပါတာ၀န်ခံက ပြောပါတယ်။

စိုင်းသီဟ ဟာ Facebook လူမူကွန်ရက်ကတဆင့် PDF တပ်ဖွဲ့၀င်တွေကိုစိန်ခေါ်တာ စစ်ကော်မရှင်တပ်နဲ့အတူ ပေါ်တာလိုက်ဆွဲတာ၊ ပေါင်းတလည်၊ ကျောင်းကြီးမြို့အဝင်မှာရှိတဲ့ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်တာ‌တွေအပြင် ၂ လုံး၊ ၃ လုံးလောင်းကစားဒိုင်တွေဆီမှာလည်း လိုင်းကြေးကောက်ပေးနေသူဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ အောက်တိုဘာ ၆ ရက်‌‌ မနက် ၁၀ နာရီကလည်း စိုင်းသီဟ (ခ) ချိုကြီးရဲ့ ဖခင်ဖြစ်သူ လှမြင့် ဆိုသူပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။