30 October 2026 6:27 PM

မြင်းမူကရွာ ၃ ရွာ ဗုံးကြဲခံရလို့ သက်ကြီးပိုင်းအမျိုးသား ၂ ဦးသေဆုံး

0 1
0 1

မြင်းမူ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက ကျေးရွာ ၃ ရွာ မှာ စစ်တပ်က စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၂ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာလ ၃၀ ရက်မနက် ၁၁ နာရီခန့်မှာ မုံရွာ နမခ ထဲကတက်လာတဲ့ စက်တပ်လေထီး ၃ စီးဟာ ရုံးကား၊ လှေဦးကန်၊ ညောင်ပင်ကန်ရွာတွေကို ဗုံး ၆ လုံးကြဲချသွားတာလို့ ဆိုပါတယ်။

“ရုံးကားရွာမှာက ပဲလှမ်းနေတဲ့ အမျိုးသားထိတယ်။ လှေဦးကန်မှာက ကွမ်းခြံထဲ အလုပ်လုပ်နေသူ တဦးထိတယ်။ ညောင်ပင်ကန်ကျတော့ လူမထိပေမယ့် စာသင်ကျောင်းနားကျလို့ စာသင်ဆောင်တွေပျက်စီးတာရှိတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ ဗုံးကြဲမှုအတွင်း ရုံးကားကျေးရွာနေ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦးနဲ့ လှေဦးကန်ရွာနေ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးတို့ နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညောင်ပင်ကန်ရွာရှိ စာသင်ဆောင်နဲ့ စားဖိုဆောင်တို့လည်းပျက်စီးသွားပြီး ဗုံးလာကြဲချိန်မှာ ကျေးရွာအနီးတွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၀ ရက်ကလည်း ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် မိန်းကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပါသေးတယ်။

⁨⁩ သတင်း – မောင်မှိုင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။