11 July 2026 12:10 PM

ရေတာရှည်မှာ လေကြောင်းကဗုံးကြဲလို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံး

0 22
0 22

ရေတာရှည်၊ ဇွန် ၆၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သက်ကြီးအမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၆ ရက်မနက် ၄ နာရီခွဲမှာ စစ်ကော်မရှင်ဘက်က Y 12 လေယာဥ် ၁ စီးဟာ ကျေးရွာအနီးဝန်းကျင်ကို ဗုံး ၂ လုံးထက်မနည်းကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ခုထိတဲ့သူတွေက ရွာနားဝန်းကျင်မှာ စစ်ရှောင်နေကြတာ။ လေယာဥ်နဲ့လာတာဆိုတော့လည်း ပြေးမခင်ဘူးလေ(ပြေးချိန်မရလိုက်ဘူးလေ)။ စစ်ရှောင်နေတဲ့နေရာနားကို ကျပြီးထိတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၈၂ နှစ်အရွယ် အမျိုးသား ရင်ဘတ်ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးလည်းဒဏ်ရာပြင်းထန်ရတယ်လို့ ဆိုပါတယ်။

ဇွန် ၃ ရက်ကစတင်ပြီး စစ်ကော်မရှင်အင်အား ၁,၀၀၀ ခန့်ဟာ ရေတာရှည်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဒရုန်း၊ ဂျက်ဖိုက်တာ၊ Y12 တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လည်း သိရပါတယ်။

စစ်ကြောင်းထိုးနေတာကြောင့် ပိတောက်ကုန်း၊ အုတ်မြေလူး၊ ဆီဆိုင်၊ အေးရွာလေး၊ ကျွန်းကုန်း၊ ရေတာရှည်လေး၊ ရေငံ၊ အင်းကြီးပေါက်၊ ခင်တန်းရွာသစ်၊ ကံလှ၊ ဂွေးသဲ၊ တောင်အင်းကုန်း၊ ကြာအင်းကုန်း၊ ကြိတ်ပုတီး၊ နဂျပ်၊ အင်းကြီး၊ စည်ပိုင်းရွာတွေအပါအဝင်ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရပါတယ်။

စစ်ကြောင်းဝင်ချိန် စစ်ကော်မရှင်ဘက်ကပစ်ခတ်တဲ့ ဒရုန်း၊ လက်နက်ကြီးနဲ့လေယာဥ်ဗုံးတွေကြောင့် ကြိတ်ပုတီး၊ နဂျပ်၊ ဆွာရွာမ၊ ပိတောက်ကုန်းရွာတွေက ပြည်သူ ၂ ဦးသေဆုံးထားပြီး ၅ ဦးထက်မနည်းလည်းဒဏ်ရာရထားပေမယ့် အသေးစိတ်အချက်အလက် မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တိုးပြီးနောက် PDF ၁ ဦးနဲ့ပြည်သူ ၁ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။