⁩ ⁨ပခုက္ကူက ပြန်လာတဲ့ ရဲတပ်ကြပ် တဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးကာ လက်နက်နဲ့ ကားသိမ်းဆည်းရမိ

0 0
0 0

ပခုက္ကူ၊ ၂ နိုဝင်ဘာ၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ အာဏာသိမ်းစစ်တပ်ရဲ့ ကျောက်လှေခါးစစ်ဆေးရေးဂိတ်ကို အိမ်စီးကား Crown နဲ့ ပြန်လာတဲ့ ရဲတပ်ကြပ် သိန်းနိူင်ဦးကို ပတ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း(၃)-Southern YSO PDF က မနေ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ပခုက္ကူ-ရေစကြို ဆက်သွယ်ရေး လမ်းပိုင်းတနေရာမှာ ကြားဖြတ် တိုက်ခိုက်ပစ်ခတ်ခဲ့ပြီး လက်နက်တွေနဲ့အတူ အသေဖမ်းဆီးရမိခဲ့တယ်လို့ မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း(၃)-Southern YSO PDF ဆိုပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်ကြပ်နဲ့အတူ MA-3 တလက်၊ 9-mm ပစ္စတို တလက်နဲ့ Crown ကားတစီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းနဲ့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။