မကွေးနဲ့ချင်းအစပ်မှာ မြေအဖိုး ၂ ဦးကို စစ်တပ်ကပစ်သတ်ပြီး နေအိမ်တွေကိုမီးရှို့

0 14
0 14

မကွေး၊ ဇွန် ၄၊ ၂၀၂၆။

မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အစပ်ရှိ ထင်းချောင်းရွာက ဒေသခံ ၂ ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ပစ်သတ်ပြီး နေအိမ် ၁၀ လုံးကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆောမြို့နယ်မှ ဒေသခံခံတွေဆီက သိရပါတယ်။

ထင်းချောင်းရွာနေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်နဲ့ အသက် ၆၀ ကျော်အရွယ် အဖိုးဖြစ်သူတို့ကို မေလ ၃၀ ရက်မှာ ထင်းချောင်းရွာကိုစစ်ကြောင်းဝင်ချိန် သတ်ဖြတ်ခံခဲ့ရတာဖြစ်နိုင်ပြီး အလောင်းတွေတော့ ပြန်ရတယ်လို့ ဆိုပါတယ်။

“ရွာခံတွေ ဒီရက်ပိုင်းရွာထဲပြန်ကြည့်တဲ့အချိန်မှာ တွေ့ရတာ။ ရွာထဲတော့ ပြန်နေကြတာမဟုတ်ဘူး။ ရွာနားမှာပဲ ကပ်နေတယ်။ **တွေထွက်သွားရင် ရွာထဲအခြေနေပြန်ကြည့်တယ်။ ပြန်ဝင်လာရင် ပြန်ထွက်ကြတယ်။ အဖိုးက ကျန်းမာရေးမကောင်းဘူး။ လေဖြတ်ထားတယ်။ အလောင်းကပြန်ရတယ်။ သတ်တာက ရွာအပြင်ရှောင်နေချိန်မိပြီး အဲ့နားမှာသတ်ခံရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

သတ်ဖြတ်ခံထားရတဲ့ မြေးအဖိုး ၂ ယောက်အလောင်းကိုတော့ ရွာခံတွေကကောက်ယူပြီး သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာ မင်းတပ်မြို့နဲ့ ၁၀ မိုင်အကွာ အထိရောက်နေပြီး တိုက်ပွဲတွေလည်း ဇွန်လ ၄ ရက် ဒီကနေ့အထိဖြစ်နေကာ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၅ ရက်ကလည်း ဆောမြို့နယ်၊ ကျောက်ထုမြို့နဲ့ ၂ မိုင်အကွာ မိအယ်ကျေးရွာမှာ လေကြောင်းကနေဗုံးကြဲခဲရပြီး ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။