မိုင်းမတော်တဆဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံး

0 1
0 1

ချောက်၊ ဇန်နဝါရီ ၂၁၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ Chauk Revolution Force – CRF က ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မိုင်းမတော်တဆဖြစ်ကာ ကျဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ကျဆုံးသူဟာ အသက် ၂၀ နှစ်အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှမ်းလေး (ခ) စိုင်းဝဏ္ဏစောပိုင်ဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်မှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။

“၁၇ ရက်နေ့ ညနေပိုင်းမှာပေါ့နော်၊ ရန်သူ့စစ်ကြောင်းသတင်းကြားလို့ သွားပြီးတော့ အဲ့ဒီမှာ မိုင်းသွားကာရင်း၊ မိုင်းသွားထောင်ရင်းနဲ့ မိုင်း Error တက်ပြီး ကျဆုံးခဲ့တာပါ။” လို့ Chauk Revolution Force – CRF တာဝန်ခံကျောင်းသား က ပြောပါတယ်။

ကျဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲ့ ဈာပနအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် မနက် ၉ နာရီအချိန် ချောက်မြို့နယ်အတွင်းမှာ ပြုလုပ်ခဲ့ပြီး ဂူသွင်းအမိန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးတပ်ဖွဲ့ဝင် ရှမ်းလေး (ခ) စိုင်းဝဏ္ဏစောပိုင်ဟာ မကွေးတိုင်း၊ ပေါက်မြို့နယ်ကဖြစ်ကာ Kyaupadaung Special Defence Force အဖွဲ့ဝင်ဖြစ်ပြီး Chauk Revolution Force – CRF ဆီ လာရောက်ပူးပေါင်းတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကာ ၎င်းရဲ့ စျာပနအခမ်းအနားကို Kyaupadaung Special Defence Force၊ Chauk CFG၊‌ ချောက်မြို့နယ် ပကဖ တို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။