ငါန်းဇွန်မှာ စစ်ကောင်စီယာဉ်တန်းကို မိုင်း ၁၅ လုံးဆွဲ တိုက်ခိုက်လို့ သေဆုံးမှုရှိ

0 1
0 1

မန္တလေး၊ မေ ၃၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မေလ ၂၇ ရက်ည ၉ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီယာဥ် ၃ စီးဟာ ငါန်းဇွန်မြို့နယ်၊ ကုန်းလည်ရွာနဲ့ နတ်ကြီးရွာကြားအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Myitnge PDF MN တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ထွက်လာတာက ဖောကားတစီး၊ ထွေလာ (ထော်လာဂျီ)တစီး နဲ့ ဟိုက်ဂျက်တစီး စုစုပေါင်း ကား ၃ စီးနဲ့ ထွက်လာတာပါ။ ကျနော်တို့က ပွိုင့် ၂ ပွိုင့်နေရာယူပြီး မိုင်း ၁၅ လုံးဆွဲလိုက်တာပါ။ သူတို့ဘက်က ၂ ယောက်သေသွားတယ်လို့ ဖရဲသီး သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျနော်တို့ မိုင်းဆွဲပြီတော့ စခဘက်က ရမ်းသမ်းပစ်ခတ်မှုတွေရှိတယ်။ ကျနော်တို့တွေတော့ ပြန်မပစ်ဘူးဗျ” လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုး နေသလို အဲဒီနယ်ထဲမှာရှိတဲ့ ဒေသခံတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားမျိုးတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မန္တလေးခရိုင် အမှတ် (၅) တပ်ရင်း MN PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်း)၊ ငါန်းဇွန်မြို့နယ် (ပ.က.ဖ)၊ Special Tesk Force (Nga Zun – PDF)၊ ဖက်ဒရယ်ညီကို ပြည်သူ့ကာကွယ်ရေးနဲ့ ထုတ်လုပ်ရေးအဖွဲ့၊ ပြည်သူ့အင်အားပြောက်ကျားတပ်ဖွဲ့၊ Myaung Ms PDF၊ ငန်းနက်ပြောက်ကျားတပ်ဖွဲ့ နဲ့အတူ TGYR တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ငါန်းဇွန်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာကို မကြာခဏရင်ဆိုင်နေရတဲ့အပြင် ရဲစခန်းနဲ့ စစ်ကောင်စီဌာနဆိုင်ရာရုံးအချို့လည်း တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၇ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို မြင်းခြံခရိုင် အမှတ် – ၄ တပ်ရင်း နွားထိုးကြီးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မဟာမိတ်တွေပူးပေါင်းပြီး ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။