ပဲခူးနယ်ထဲက ရွာမှာ လူ ၅၀ ခန့်က တပ်ထောက်ခံပွဲ ပြုလုပ်

0 1
0 1

ပဲခူး၊ မေ ၃၀၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အုတ်ဖိုကျေးရွာမှာ မေလ ၃၀ ရက် ဒီကနေ့မနက် ၈ နာရီခွဲဝန်းကျင်မှာ အင်အား ၅၀ ခန့်ပါ လူတစုက စစ်ကောင်စီတပ် ထောက်ခံပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်ဖိုကျေးရွာရဲ့ရွာစွန်နားမှာ အဲ့ဒီလူတစုက အမေရိကန်နိုင်ငံက မြန်မာစစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့နေမှုတွေကို ရှုတ်ချကန့်ကွက်ကြောင်းနဲ့ စစ်ကောင်စီကိုထောက်ခံကြောင်း စတဲ့ ဗီနိုင်းတွေကိုင်ဆောင်ကာ တပ်ထောက်ခံပွဲ လုပ်ဆောင်ခဲ့တာလို့ ပဲခူးနယ်ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

“လုပ်တာကတော့ ပျူစောထီးခေါင်းဆောင်တွေ ဦးဆောင်ပြီး ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေနဲ့ မိသားစုဝင်တွေဘဲလုပ်သွားတာ“ လို့ ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီကနေ့မနက်ပိုင်းက ပဲခူးမြို့နယ်၊ အုတ်ဖိုကျုံးကျေးရွာမှာ တပ်မတော်ထောက်ခံသူများက အင်အား ၁၀၀ ခန့်နဲ့ တပ်မတော် ထောက်ခံပွဲပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ထောက်ခံသူတွေ တပ်ထောက်ခံပွဲလုပ်တာ အလေးထားစရာမဟုတ်ဘူးလို့လည်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက မှတ်ချက်ပေး ပြောဆိုပါတယ်။

“တပ်ထောက်ခံပွဲကတော့ လုပ်ကြတာပါဘဲ။ သူတို့ ဘာကြောင့်လုပ်နေလဲဆိုတာ တနိုင်ငံလုံးက ပြည်သူတွေသိသလို ကမ္ဘာကလည်းသိတာဘဲ။ အရပ်စကားနဲ့ ပြောရရင် အရူးချီးပန်း ထထလုပ်တာပေါ့။ သူတို့ ဘာလုပ်နေနေ ကျနော်တို့ဘက်ကတော့ စစ်အာဏာရှင်ပြုတ်ကျရေးကို ဆက်လုပ်သွားရမှာဘဲ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ပြည့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေပူးပေါင်းပြီး စစ်ကောင်စီတပ်လုံခြုံရေးအပြည့်နဲ့ တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။