အရာရှိလမ်းကြောင်းရဲ့ ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

0 1
0 1

မကွေး၊ မေ ၁၂၊ ၂၀၂၃။

စစ်ကောင်စီအရာရှိကားဖြတ်ဖို့ ကင်းပုန်းစောင့်ပေးနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ ပျူ၁ ဦး သေပြီး စစ်သား ၂ ဦး ဒဏ်ရာရတယ်လို့ မြိုင်ပကဖ ဆီက သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကန်တော်ရွာအနီးမှာ စောင့်နေတဲ့ ကင်းသမားတွေကို မေလ ၁၁ရက် မနေ့ကမနက်ပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြိုင်ပကဖ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။

“ဒရုန်းသုံးပြီး အီနာဂါဗုံးသီး ၃ လုံးနဲ့ မနက် ၈ နာရီကျော်လောက်မှာ ချတာ။ လမ်းမှာ အရာရှိကား ၂ စီးဖြတ်မှာကို ကန်တော်ရွာအနားမှာ ကင်းပုန်းယူကြတာ၊ ပျူ ၁ ကောင်သေပြီး စစ်** ၂ ကောင်ဒဏ်ရာရတယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

တပ်မ ၁၀၁ က စစ်သား ၁၀ ဦးကျော်နဲ့ ပျူ ၂၀ နီးပါး စုစုပေါင်း အင်အား ၃၀ ဝန်းကျင် ကင်းပုန်ဝပ်နေတဲ့နေရာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဘက်က ပြန်ပစ်ခဲ့လို့ အနီးနားမှာရှိတဲ့ ရေလာလေးရွာသား အသက် ၂၃နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာ နှစ်ဖွဲ့ခွဲပြီး ရေလာလေးရွာဘက်ကို တဖွဲ့က ထွက်သွားပြီး ဒဏ်ရာရသူတွေပါတဲ့ တဖွဲ့က ပခုက္ကူဘက်ကို ဆက်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ် ပကဖ၊ PKU Thurain Black Crbra အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း- ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။