မြင်းခြံထောင်က နိုင်ကျဉ်း ၂၁၇ ဦးလွတ်၊ ပခုက္ကူနဲ့ မုံရွာက နိုင်ကျဉ်းတွေလည်းပါဝင်

0 2
0 2

မြင်းခြံ၊ မေ ၃၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၂၁၇ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီး အဲ့ဒီထဲမှာ ပခုက္ကူနဲ့ မုံရွာက နိုင်ငံရေးအကျဉ်းသားတွေအပြင် တခြားတိုင်းဒေသကသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မေလ ၃ ရက် ဒီကနေ့နေလယ် ၁၂ နာရီကစတင်ကာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာဖြစ်ပြီး၊ အမျိုးသားတွေကတော့ နေ့လည် ၁ နာရီလောက်မှ စတင်လွတ်ခဲ့တာလို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။

“၅၀၅ သီးသန့်အကုန်လွှတ်မပေးဘူး၊ ကျန်ကာလ တနှစ်အောက်တွေကိုပဲ လွှတ်ပေးတာ၊ ထွက်လာသူတွေက ကျန်းမာရေးကောင်းကြပေမယ့် အထဲမှာက ဆေးဝါးလိုအပ်ချက်တွေ အများကြီးရှိနေတယ်၊ ဘာရောဂါဖြစ်ဖြစ် ဆေးတမျိုးပဲပေးတယ်”လို့ ပြောပါတယ်။

အမျိုးသား ၁၅၄ ဦးနဲ့ အမျိုးသမီး ၆၃ ဦးတို့ လွတ်လာခဲ့ကာ အဲ့ဒီထဲမှာ ပခုက္က္ကူ၊ မုံရွာ၊ မြင်းခြံ၊ ငါန်းဇွန်၊ မန္တလေး၊ မိတ္ထီလာက နိုင်ကျဉ်းတွေ ပါဝင်နေတယ်လို့ သိရပြီး လွတ်မြောက်လာတဲ့ မြို့နယ်အလိုက် အရေတွက်ကတော့ မြေလတ်အသံအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့်ပေးမယ်လို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။