12 July 2026 6:11 AM

မိုးကုတ်နဲ့ မိုးမိတ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်အင်အားထပ်ထိုးပြင်ဆင်နေ

0 19
0 19

မိုးကုတ်၊ ဒီဇင်ဘာ ၁၊ ၂၀၂၅။

စစ်‌‌ကော်မရှင်တပ်တွေပြန်လည်တောင်းယူခဲ့တဲ့ မန္တလေးတိုင်း၊ မိုးကုတ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးမှာ နိုဝင်ဘာ ၃၀ ရက်မနေ့ညပိုင်းက စစ်ကော်ရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်ဘက်ကအင်အားထပ်တိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနေ့က ညနေ ၅ နာရီခွဲမှာ မိုးကုတ်မြို့အပြင်ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ခဲ့ကာ မိုးမိတ်မြို့မှာလည်း ည ၈ နာရီခန့်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တဦးက ပြောပါတယ်။

“နာရီဝက်ကြာ ထိတွေ့ တိုက်ပွဲငယ် ဖြစ်ပွားတယ်။ အဲ့ဒီနောက်တော့ စစ်တပ်ဘက်က ပြန်ဆုတ်သွားတယ်ပေါ့နော်။ ထိခိုက်သေဆူံးနဲ့ ပတ်သက်ပြီးတော့ သိမထားရသေးပါဘူး။ မိုးကုတ်မှာဆိုရင်လည်း ထိတွေ့ဖြစ်ခဲ့တဲ့နယ်မြေမှာ စစ်တပ်အင်အားတွေထပ်တိုးထားသလို မိုးမိတ်မှာဆိုရင်လည်း စစ်အင်အားတွေ တိုးချဲ့ပြင်ဆင်နေတာတွေ တွေ့ရပါတယ်”လို့ သူကပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာ အသေးစိတ်ကို လုံခြုံရေးအရထုတ်ဖော်မပြောပေမယ့် စစ်ကော်မရှင် ဘက်ကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့အပြင်ဘက်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တောင်ကုန်းတချို့ကို နယ်မြေချဲ့လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁ ရက်ဒီနေ့မှာတော့ ထပ်မံတိုက်ပွဲဖြစ်တာမရှိသေးဘဲ စစ်ကော်မရှင်ဘက်က မိုးမိတ်မြို့ကို အင်အားတိုးတာနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတချို့ကို အင်အားဖြန့်ထားတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်နဲ့မိုးမိတ်မြို့ကို TNLAနဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပြီးနောက် အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်မှာ စစ်ကော်မရှင်နဲ့ TNLA တပ်ဖွဲ့တို့ တရုတ်ရဲ့ကြားဝင် စေ့စပ်မှုအပြီး TNLA တပ်ဖွဲ့က စစ်ကော်မရှင်ဆီ လွှဲပြောင်းဖို့ သဘောတူခဲ့တာပါ။

အဲ့ဒီနောက် နိုဝင်ဘာ ၂၉ ရက် ညပိုင်းကစလို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲကို ပြန်ဝင်လာတာလို့ သိရပါတယ်။

မိုးကုတ်ဟာ ပတ္တမြားအများဆုံးထွက်ရာမြို့ဖြစ်ပြီး မိုးမိတ်ကတော့ စိန်ထွက်ရာ မြို့အဖြစ် ထင်ရှားပါတယ်။

သတင်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။